“ကမ္ဘာ့သတင်းတွေထဲက မြန်မာ” “Myanmar In World News”
0
191
မင်္ဂလာပါခင်ဗျာ။ MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “ကမ္ဘာ့သတင်းတွေထဲက မြန်မာ” အစီအစဉ်က ကြိုဆိုပါတယ်။ ဒီအစီအစဉ်မှာဆိုရင်တော့ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေထဲက ထိပ်တန်းရောက်သတင်းတွေကို ထုတ်နုတ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၉ ခုနှစ်၊ ဧပြီ ၈ ရက်၊ တနင်္လာနေ့ နေ့လည်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေမှာဆိုရင်တော့ –
● မလေးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ် ရောက်ရှိနေတဲ့သတင်း
● မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပနေတဲ့အကြောင်း
● ဘင်္ဂါလီ ခြောက်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးပြောကြားလိုက်တဲ့သတင်း
စတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကမ္ဘာ့သတင်းမီဒီယာအသီးသီးမှာ ထိပ်တန်းကို ရောက်ရှိနေကြတဲ့ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။