NLD နဲ့ တပ်မတော် လွှတ်တော်ထဲ စကားများ ရန်ဖြစ်နေရုံနဲ့ ခြေ/ဥ ပြင်ဆင်ရေးမဖြစ်နိုင်ဟုဆို

0
206






● NLD ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း စကားများ ရန်ဖြစ်နေရုံနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး မဖြစ်နိုင်ဘူးလို့ တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။

● MCN သတင်းဌာနက သီးသန့်ပြုလုပ်တဲ့ အထူးတွေ့ဆုံမေးမြန်းခန်းမှာ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်တာပါ။

● ဒီလိုပြောကြားရာမှာတော့ တောင်ကိုရီးယားနိုင်ငံက အာဏာရှင် ချန်ဒူးဝမ်လက်ထက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နမူနာတွေအပေါ် အခြေပြုပြီး လူလတ်တန်းစားကောင်းစားရေး၊ ဈေးကွက် စီးပွားရေးစနစ်၊ အာဏာကို စွန့်လွှတ်လိုတဲ့ လူတန်းစားနဲ့ အမျိုးသားရေးဘုံသဘောတူညီချက်တွေ ရှိမှသာ အဆင်ပြေနိုင်မယ်လို့လည်း သူက သုံးသပ်ပြောကြားလိုက်တာပါ။

● အပြည့်အစုံကို ရုပ်သံအစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6