တရားရုံးရဲ့ ဇေယျာဖြိုးအပေါ် စီရင်ချက်ကြောင့် အနာဂတ်မှာ ဒီလိုလူတွေ ပိုများလာလိမ့်မယ်

0
164








တရားရုံးရဲ့ ဇေယျာဖြိုးအပေါ် စီရင်ချက်ကြောင့် တိုင်းပြည်အနာဂတ်မှာ နောက်ကွယ်က ငွေကြေးထောက်ပံ့ပြီး ပြစ်မှုကျူးလွန်သူတွေ ပိုများလာလိမ့်မယ်လို့ အင်းစိန်အောင်စိုးက သတိပေးပြောကြားလိုက်ပါတယ်။

ဒါကြောင့် ဇေယျာဖြိုးကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ချက်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးဖို့ လိုအပ်နေတယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ထားတဲ့ သေနတ်သမားကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကိုလည်း စီရင်ချက်အတိုင်း အမှန်တကယ် ကြိုးမိန့်ပေးမှသာ တိုင်းပြည်အနာဂတ်မှာ ဒီလိုအမှုမျိုးတွေကို ကျူးလွန်ရဲသူ မရှိတော့မှာ လို့လည်း သူကပြောပါတယ်။

အလားတူ အမှုကွင်းဆက်ပျက်နေတဲ့ အောင်ဝင်းခိုင်အပြင် နောက်ကွယ်က ညွှန်ကြားသူ တရားခံအစစ်တွေကိုပါ ဖော်ထုတ်ပြီး အရေးယူဖို့ လိုအပ်နေတယ်လို့လည်း အင်စိန်အောင်စိုးက ပြောပါတယ်။

MCN သတင်းဌာနက ပြုလုပ်တဲ့ အထူးတွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ အင်းစိန်အောင်စိုးက ပြောကြားခဲ့တာပါ။

အပြည့်အစုံကိုတော့ ရုပ်/သံ အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6