ျမစ္ဆုံအေရး အစိုးရ၊ ပညာရွင္ေတြ၊ ျပည္သူေတြ ပူးေပါင္းၿပီးကာကြယ္သြားဖို႔လို

0
145

ၿပီးခဲ႔တဲ႔ ဒီဇင္ဘာလက ဧရာဝတီျမစ္ဆုံစီမံကိန္းကို ေဒသခံေတြက ဆန္႔က်င္မႈမရွိပါဘူးဆိုတဲ့ တရုတ္သံရုံးရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေၾကာင့္ ျမစ္ဆုံစီမံကိန္းကို ကန္႔ကြက္သံေတြ ျပန္လည္ၾကားေနရပါတယ္။ ဇန္နဝါရီလ ၂၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ ျမစ္ဆုံစီမံကိန္းကို ကန္႔ကြက္ေၾကာင္း ထုတ္ေဖၚဆႏၵျပခဲ႔သလို၊ ဇန္နဝါရီလ ၂၉ ရက္ေန႔မွာလည္း ျပည္ၿမိဳ႕နဲ႔ ပုသိမ္ၿမိဳ႕တို႔မွာ ကန္႔ကြက္ဆႏၵျပ ခဲ႔ၾကတာေတြ ေတြ႔ေနရပါတယ္။ ဒါ့အျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က အရင္အစိုးရလုပ္တဲ႔ စီမံကိန္းေတြကို ပယ္ဖ်တ္လို႔မရဘူးလို႔ ေျပာၾကားထားတဲ႔အတြက္ ျမစ္ဆုံအေရးနဲ႔ ပတ္သက္ၿပီး ျပည္သူေတြၾကားမွာ စိုးရိမ္မႈေတြ ရွိလာတာ ျဖစ္ပါတယ္။

ဒီအေပၚမွာ ျမစ္ဆုံအေရးနဲ႔ ပတ္သက္ၿပီး အစိုးရ၊ ပညာရွင္ေတြ၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ေတြနဲ႔ ျပည္သူေတြ ပူးေပါင္းၿပီးကာကြယ္သြားဖို႔ လိုအပ္ေနတဲ႔အေၾကာင္းကို ျမန္မာအစိမ္းေရာင္ကြန္ရက္က ကိုမင္းခ်စ္ႏိုင္နဲ႔ ေတြ႔ဆုံၿပီး ေမးျမန္းတင္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဒေသခံတွေက ဆန့်ကျင်မှုမရှိပါဘူးဆိုတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်ကြောင့် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သံတွေ ပြန်လည်ကြားနေရပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ထုတ်ဖေါ်ဆန္ဒပြခဲ့သလို၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှာလည်း ပြည်မြို့နဲ့ ပုသိမ်မြို့တို့မှာ ကန့်ကွက်ဆန္ဒပြ ခဲ့ကြတာတွေ တွေ့နေရပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အရင်အစိုးရလုပ်တဲ့ စီမံကိန်းတွေကို ပယ်ဖျတ်လို့မရဘူးလို့ ပြောကြားထားတဲ့အတွက် မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

ဒီအပေါ်မှာ မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး အစိုးရ၊ ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီးကာကွယ်သွားဖို့ လိုအပ်နေတဲ့အကြောင်းကို မြန်မာအစိမ်းရောင်ကွန်ရက်က ကိုမင်းချစ်နိုင်နဲ့ တွေ့ဆုံပြီး မေးမြန်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

?bph6