စာသုံးသူတွေနစ်နာမှုရှိလာတဲ့အပေါ် အစိုးရက ထိရောက်တဲ့ကာကွယ်ပေးမှုမရှိ

0
168


ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ရွှေတိဂုံစေတီမှာ ငွေလာလှူတဲ့ စင်္ကာပူနိုင်ငံသား ဇနီးမောင်နှံဆီက ငွေစက္ကူ ကျပ်တစ်သောင်းတန် အတု ၄၅ ရွက် သိမ်းဆည်းရမိပြီးတော့၊ ဒီဇင်ဘာလ ၂ ရက်နေ့က စင်္ကာပူနိုင်ငံက ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးက စင်္ကာပူကနေ ငွေလဲရာမှာပါလာတဲ့ ငွေစက္ကူ ကျပ်တစ်သောင်းတန် အတု ၁၅၄ ရွက်ကို ဒိုက်ဦးမြို့နယ်ရဲစခန်းမှာ သွားရောက်အပ်နှံခဲ့ရာမှာတော့ အဖမ်းခံခဲ့ရတာ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အဲဒီအခါမှာ စားသုံးသူတွေက ငွေစက္ကူအတုမှန်းမသိဘဲ လက်ဝယ်ကိုင်မှုနဲ့ အဖမ်းခံရတာတွေ ဖြစ်လာတဲ့အတွက် စားသုံးသူတွေဘက်က နစ်နာမှုတွေ ရှိလာနေတာပါ။ အဲဒီအပေါ်မှာ အစိုးရက ထိရောက်တဲ့ကာကွယ်ပေးမှု မရှိတဲ့အပေါ် မြန်မာ စားသုံးသူများသမဂ္ဂက အတွင်းရေးမှူး ဦးမောင်မောင်နဲ့ တွေ့ဆုံပြီးမေးမြန်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

?bph6