ငြိမ်းချမ်းရေးက ပေးတိုင်း ရတဲ့ အရာမဟုတ်ဘူးလို့ တပ်ချုပ် မင်းအောင်လှိုင်ရဲ့ကတိစကားကို တုံ့ပြန်

0
190


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူတွေဆီကို အရောက် အပ်နှင်းပေးမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် ပြည်တွင်းငြိမ်းချမ်းရေးက အဲ့ဒီလောက်ရဖို့ မလွယ်ကြောင်းနဲ့ ပေးတိုင်းရတဲ့ အရာမဟုတ်ဘဲ အနားလည်မှု အလျော့အတင်းတွေရှိမှ ရနိုင်မှာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရန်ကျော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကတိစကားကို တုံ့ပြန်ပြောဆိုလိုက်တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အဆင့်များစွာကို ကျော်ဖြတ်ရဦးမှာ ဖြစ်တာကြောင့် NLD အစိုးရလက်ထက်မှာ အလုံးစုံ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူးလို့ သူက ထပ်မံပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရန်ကျော်နဲ့ တွေ့ဆုံမေးမြန်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

?bph6