ထာဝရ ငြိမ်းချမ်းရေး ပြည်သူ့လက်အပ်ပြီးတာနဲ့ နိုင်ငံရေးလောကထဲ က တပ်မတော် ထွက်ခွာဖို့ရှိ

0
241


လက်ရှိမှာ တပ်မတော်အနေနဲ့ နိုင်ငံရေး ထိုးနှက်ချက်တွေ ခံနေရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သလို ထာဝရ ငြိမ်းချမ်းရေး ကို တိုင်းရင်းသား ပြည်သူလူထုလက်ထဲ အပ်ပြီးတာနဲ့ နိုင်ငံရေးလောကက တပ်မတော်ဟာ ဆုတ်ခွာသွားမှာဖြစ်တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာ ရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက MCN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။ ဒီအကြောင်းအရာ နဲ့ ပက်သက်ပြီး အပြည့်အစုံကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး နဲ့ တွေ့ဆုံမေးမြန်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

?bph6