သတင္းလြတ္လပ္ခြင့္ က်ဆံုးခဲ့ရၿပီ

0
131

ဒီမိုကေရစီ အစိုးရေခတ္မွာ သတင္းလြတ္လပ္ခြင့္ဟာ က်ဆံုးခဲ့ၿပီလို႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီက ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။ Weekly Eleven ဂ်ာနယ္က အယ္ဒီတာခ်ဳပ္ အပါအ၀င္ သုံးဦးကုိ ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕က ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲဆုိခဲ့တဲ့အေပၚ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီရဲ႕ ျပန္ၾကားေရးတာ၀န္ခံ ဦးျမင့္ေက်ာ္ကုိ MCN သတင္းဌာနက ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ သတင္းမီဒီယာသမားေတြကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ၅၀၅ (ခ) လို ပုဒ္မေတြ အသံုးျပဳၿပီး ေရြးခ်ယ္တရားစြဲတာဟာ ႏိုင္ငံေရးရည္ရြယ္ခ်က္ေတြပါတယ္လို႔လည္း ဦးျမင့္ေက်ာ္က ေျပာၾကားခဲ့တာပါ။ ဒီအေၾကာင္းအရာအျပည့္အစံု ေတြ႔ဆံုေမးျမန္းမွာ ေတြ႔ျမင္ၾကရမွာ ျဖစ္ပါတယ္။

ဒီမိုကရေစီ အစိုးရခေတ်မှာ သတင်းလွတ်လပ်ခွင့်ဟာ ကျဆုံးခဲ့ပြီလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ Weekly Eleven ဂျာနယ်က အယ်ဒီတာချုပ် အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့တဲ့အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးမြင့်ကျော်ကို MCN သတင်းဌာနက တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ ဒါ့အပြင် သတင်းမီဒီယာသမားတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) လို ပုဒ်မတွေ အသုံးပြုပြီး ရွေးချယ်တရားစွဲတာဟာ နိုင်ငံရေးရည်ရွယ်ချက်တွေပါတယ်လို့လည်း ဦးမြင့်ကျော်က ပြောကြားခဲ့တာပါ။ ဒီအကြောင်းအရာအပြည့်အစုံ တွေ့ဆုံမေးမြန်းမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

?bph6