ငြိမ်းချမ်းရေး အမြန်လိုချင်တဲ့ ကာကွယ်ရေးဦးစီးချုပ် ရဲ့ မိန့်ခွန်း နဲ့ အောက်ခြေမှာ ကွဲလွဲနေ (ရုပ်/သံ)

0
414


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခေတ်အဆက်ဆက်တောက်လောင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကို သူ့ လက်ထက်မှာ အပြီးငြှိမ်းသတ်မှာဖြစ်ပြီး ငြိမ်းချမ်းရေး အမြန်လိုချင်တယ်လို့ ပြောကြားခဲ့တာပါ။ ဒါပေမဲ့ အောက်ခြေမှာ ငြိမ်းချမ်းရေးလိုချင်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို တပ်မတော်ရဲ့ အောက်က ပြည်ထဲရေးကတော့ အကြမ်းဖက်ဖြိုခွင်းနေဆဲဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး ငြိမ်းချမ်းရေး အတွက် တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ Generation Wave က ဥက္ကဋ္ဌ ကိုမိုးဃ်သွေးကို တွေ့ဆုံ မေးမြန်းတင်ဆက်သွားမှာဖြစ်ပါတယ်။