သက်ငယ်မုဒိမ်းမှု ကို သေဒဏ်ပေးဖို့ ဆန္ဒမရှိသေးတဲ့ လွှတ်တော်ကို အရပ်ဖက် အဖွဲ့အစည်းတွေ ဝေဖန် (ရုပ်/သံ)

0
479


သက်ငယ်မုဒိမ်းမှုတွေ သေဒဏ်ပေးရေး အဆိုကို လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိခဲ့တဲ့အပေါ်မှာ ပြည်သူတစ်ချို့ က လွှတော်ကိုယ်စားလှယ်တွေရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကလေးသူငယ်အရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက လွှတ်တော်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒကတော့ သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့ တိုင်း နဲ့ ပြည်နယ်အနှံ့မှာ ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းအရာ နဲ့ ပက်သက်ပြီးတော့ အဖြူရောင်မာတာ ချို့တဲ့ ကိုယ်ဝန်ဆောင်သည်များ ကူညီစောင့်ရှောက်ရေး ပရဟိတ အသင်း က ဥက္ကဋ္ဌ ဒေါ်လီလီနိုင်ကျော်ကိုတွေ့ဆုံမေးမြန်း တင်ဆက်သွားမှာဖြစ်ပါတယ်။