ဘဂၤါလီနဲ႔ ပတ္သက္ရင္ ေဒါက္တာဇာနည္ ငါးစိမ္းသည္လို အမူအက်င့္ေတြပဲ ရွိေတာ့တယ္ (႐ုပ္/သံ)

0
1796

ဘဂၤါလီအေရးနဲ႔ ပတ္သက္ရင္ ေဒါက္တာဇာနည္မွာ ပညာတတ္အမူအက်င့္ေတြ ေပ်ာက္ဆံုးသြားၿပီး ငါးစိမ္းသည္လို အမူအက်င့္ေတြပဲ ရွိေတာ့တယ္လို႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ဦးညိဳအုန္းျမင့္က ေျပာၾကားလိုက္ပါတယ္။ တူရကီ႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ TRT ႐ုပ္သံလိုင္းရဲ႕ The Newsmakers အစီအစဥ္မွာ ေဒါက္တာဇာနည္နဲ႔အတူ စကားစစ္ထိုးပြဲမွာ ပါ၀င္ေျပာၾကားၿပီးတဲ့ ေနာက္ MCN သတင္းဌာနရဲ႕ ေတြ႔ဆံုေမးျမန္းခန္းကို ေျဖၾကားစဥ္ ဦးညိဳအုန္းျမင့္က ေျပာၾကားလိုက္တာပါ။ အဲ့ဒီ႐ုပ္သံအစီအစဥ္မွာဆိုရင္ေရာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ဟိႏၵဴဘာသာ၀င္ေတြကို ARSA မြတ္စလင္အၾကမ္းဖက္အဖြဲ႔က အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ခဲ့တာေတြကို သက္ေသ အေထာက္အထားေတြနဲ႔တကြ အစီရင္ခံစာ ထုတ္ျပန္ခဲ့တဲ့ ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ AI က တာ၀န္ရွိသူတစ္ဦးနဲ႔အတူ ေဒါက္တာဇာနည္နဲ႔ ဦးညိဳအုန္းျမင့္တို႔ ပါ၀င္ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် ဒေါက်တာဇာနည်မှာ ပညာတတ်အမူအကျင့်တွေ ပျောက်ဆုံးသွားပြီး ငါးစိမ်းသည်လို အမူအကျင့်တွေပဲ ရှိတော့တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးညိုအုန်းမြင့်က ပြောကြားလိုက်ပါတယ်။ တူရကီရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TRT ရုပ်သံလိုင်းရဲ့ The Newsmakers အစီအစဉ်မှာ ဒေါက်တာဇာနည်နဲ့အတူ စကားစစ်ထိုးပွဲမှာ ပါဝင်ပြောကြားပြီးတဲ့ နောက် MCN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖြေကြားစဉ် ဦးညိုအုန်းမြင့်က ပြောကြားလိုက်တာပါ။ အဲ့ဒီရုပ်သံအစီအစဉ်မှာဆိုရင်ရော ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေကို ARSA မွတ်စလင်အကြမ်းဖက်အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေကို သက်သေ အထောက်အထားတွေနဲ့တကွ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တာဝန်ရှိသူတစ်ဦးနဲ့အတူ ဒေါက်တာဇာနည်နဲ့ ဦးညိုအုန်းမြင့်တို့ ပါဝင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

?bph6