?bph6

Place your ads here!

NDF ဘာကြောင့် NCA မှာ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရတာလဲ

မြန်မာကေဘယ်ရုပ်သံသတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ ဒီကနေ့ Streamiz Show အစီအစဉ်မှာဆိုရင်တော့ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ခုနဲ့ အစိုးရကြား အပြစ်အခက်ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးပွဲကို အသိသက်သေအဖြစ် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီ NCA လက်မှတ်ရေးထိုးပွဲတွေကနေ နိုင်ငံသူ နိုင်ငံသား အားလုံးမျှော်လင့်နေကြတဲ့ ထာဝရငြိမ်းချမ်းရေးနဲ့ နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ် အမြန်ဆုံး အဆုံးသတ်နိုင်ပါ့မလား။ လက်မှတ်မထိုးတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ ယုံကြည်မှုရအောင် အစိုးရနဲ့ တပ်မတော် ဘယ်လောက်အထိ အာမခံချက်ရှိရှိဆောင်ရွက်နိုင်မလဲ။ ဒီလက်မှတ်ရေးထိုးပွဲတဆင့်ပေါ်ပေါက်လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကနေ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ တိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေးတွေ အမှန်တကယ် ရရှိလာနိုင်ပါ့မလား။ ဆိုတာကို မေးခွန်းထုတ်ရင်း ဒီကနေ့အတွက် Streamiz Show အစီအစဉ်ကို အဆုံးသတ်လိုက်ရပါတယ်။

adv_banner