?bph6

Place your ads here!

ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဘယ်လို ပါဝင်ဖြတ်သန်းကြမလဲ

မြန်မာကေဘယ်ရုပ်သံသတင်းဌာနကနေ စီစဉ်တင်ဆက်ပေးနေတဲ့ Streamiz Show အစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ တင်ဆက်ပေးမယ့် Streamiz Show အစီအစဉ်မှာဆိုရင်တော့ မကြာခင်မှာ ကျင်းပဖို့ ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲကြီး အမျိုးသမီးတွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင် ဖြတ်သန်းကြမယ်ဆိုတာတွေနဲ့ပတ်သက်ပြီး တင်ဆက်ပေးသွားမှာပါ။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု ဘယ်လောက်အထိရှိလဲ။ ဆန္ဒမဲပေးခွင့်ရှိတဲ့ စုစုပေါင်း လူဦးရေရဲ့ ထက်ဝက်ကျော်လောက်ရှိတဲ့ မဲဆန္ဒရှင်အမျိုးသမီးတွေ ဆန္ဒမဲပေးခွင့်တွေ ရရှိကြရဲ့လား။ အမျိုးသမီးမဲဆန္ဒရှင်တွေအနေနဲ့ ဆန္ဒမဲပေးရေးစနစ်ကို နားလည်သိရှိကြပြီလား။ အမျိုးသမီးတွေအနေနဲ့ လွတ်လပ်သန့်ရှင်းပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဘယ်လိုတွေ ပါဝင်ဆောင်ရွက်ကြမလဲဆိုတာတွေက လည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဒါကြောင့် မြန်မာကေဘယ်ရုပ်သံသတင်းဌာနရဲ့ Streamiz Show အစီအစဉ်ကနေပြီးတော့ အနာဂတ်လှစေဖို့ အမျိုးသမီးတွေကို မဲပေးဖို့ဆိုတဲ့ ဆောင်ပုဒ်နဲ့လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ Woman Can Do It က (Progarm Manager) ဒေါ်နော်အေးအေးလှိုင်ကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေကြတဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် လောင်းတွေ ဘယ်လောက်အထိ အနိုင်ရလာမယ်။ မဲဆန္ဒရှင်ကရော တိုင်းပြည်ရဲ့ အနာဂတ်အပြောင်းအလဲအတွက် လွှတ်တော်ထဲကို အမျိုးသမီးလွှတ်တော်ကိုယ်စား ဘယ်လောက်ကို ဆန္ဒပြု ပို့ဆောင်ပေးကြမယ်။ ဒီလို မဲဆန္ဒတွေနဲ့ လွှတ်တော်ထဲကို အရောက်ပို့ဆောင်တာ ခံရမယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်တွင်း နိုင်ငံရေးမှာ ကျားမတန်းတူညီမျှရေးတွေကို ဘယ်လောက် လုပ်ဆောင်နိုင်မယ်စတဲ့ အချက်တွေကတော့ ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲ အလွန်ကာလတွေအထ စောင့်ကြည့်ရမယ့် ကိစ္စတွေဖြစ်တယ်ဆိုတာကို တင်ပြရင်း မြန်မာကေဘယ်ရုပ်သံသတင်းဌာနရဲ့ Streamiz Show အစီအစဉ်ကို အဆုံးသတ်လိုက်ရပါတယ်။

MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကို ဝေဖန်အကြံပြုလိုရင်ဖြစ် စေ သတင်းကိစ္စတွေနဲ့ ဆက်သွယ်လိုရင်ဖြစ်စေ ဖုန်းနံပတ် +959 36084960 ကိုဖြစ်စေ သတင်းခန်းရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ [email protected] ကိုဖြစ်စေ ဆက်သွယ် ဝေဖန်အကြံပြုနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ ထုတ်လွှင့်ပြီး သတင်းတွေအပါအ၀င် ရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook မှာ MCN TV NEWS အမည်နဲ့ ရှာဖွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကိုကြည့်ရှု့အားပေးခဲ့ကြတဲ့အတွက် အထူး ကျေးဇူး တင်ရှိပါတယ်။

adv_banner