မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဘာကြောင့် မဲပေးခွင့်တွေ ဆုံးရှုံးခဲ့ကြရတာလဲ

ဒီကနေ့ MCN STREAMIZ SHOW အစီစဉ်မှာတော့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေရဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေထဲက မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ လေးသိန်းကျော် ငါးသိန်းနီးပါးရှိတဲ့ မြန်မာနိုင်ငံသားတွေထဲက ရာခိုင်နှုန်းအနည်းငယ်ပဲ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရရှိကြမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး တင်ပြပေး သွားမှာ ဖြစ်ပါတယ်။

ဒီလို မလေးရှားနိုင်ရောက် မြန်မာနိုင်ငံသားထဲက အများစုဟာ ဘာကြောင့် အမြင့်ဆုံး နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်တွေ ဆုံးရှုံးခဲ့ကြရတာလဲဆိုတာကလည်း၊ သူတို့အတွက် အဝေးရောက်ဆန္ဒမဲပေးနိုင်ဖို့အတွက်က အခက်အခဲတွေက ဘာတွေရှိခဲ့တာလဲဆိုတာတွေ စိတ်ဝင် စားစရာကောင်းလှပါတယ်။
ဒါကြောင့် MCN သတင်းခန်းရဲ့ STREAMIZ SHOW အစီအစဉ်ကနေပြီး မလေးရှားနိုင်ငံ၊ ကွာလာလန်ပူအခြေစိုက် ကပုန်း (၇) ရက်သားသမီးနာရေးကူညီမူအသင်း (မလေးရှား) ရဲ့ ဥက္ကဋ္ဌ ဦးဆန်းဝင်း ကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီလို မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆုံးရှုံးနေတဲ့ အမြင့်ဆုံး နိုင်ငံသားအခွင့်အရေးတွေကို ပြန်ရအောင် ရွေးကောက်ပွဲကော်မရှင်အပါအ၀င်၊ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး ပါတီအသီးသီးက ဘယ်လောက်အထိ အချိန်မှီ ဆောင်ရွက်ပေးကြမလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်တယ်ဆိုတာကို တင်ပြရင်း အဆုံးသက်လိုက်ရပါတယ်။
MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကို ဝေဖန်အကြံပြုလိုရင်ဖြစ် စေ သတင်းကိစ္စတွေနဲ့ ဆက်သွယ်လိုရင်ဖြစ်စေ ဖုန်းနံပတ် +959 36084960 ကိုဖြစ်စေ သတင်းခန်းရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ [email protected] ကိုဖြစ်စေ ဆက်သွယ် ဝေဖန်အကြံပြုနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ ထုတ်လွှင့်ပြီး သတင်းတွေအပါအ၀င် ရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook မှာ MCN TV NEWS အမည်နဲ့ ရှာဖွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကိုကြည့်ရှု့အားပေးခဲ့ကြတဲ့အတွက် အထူး ကျေးဇူး တင်ရှိပါတယ်ရှင်။

adv_banner