ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိတည်ပါ့လား

ဒီကနေ့ MCN STREAMIZ SHOW အစီစဉ်မှာတော့ စက်တင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်မှာရှိတဲ့ ဘုရင်နောင် ဧည့်ရိပ်သာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က အဖွဲ့တွေနဲ့အတူ သတင်းမီဒီယာအချို့ကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့နေရာမှာ ဘာတွေထူးခြားမှုတွေ ရှိနေလဲ ဆိုတာနဲ့ပတ်သက်ပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ကာကွယ်ရေး ဦးစီးချုပ်က အစ္စရေးနိုင်ငံခရီးစဉ်အကြောင်း၊ ပြီးခဲ့တဲ့ ကာလတွေက မြန်မာနိုင်ငံအနှံ့အပြားမှာဖြစ်ပေါ်ခဲ့တဲ့ ရေဘေးမှာ တပ်မတော်အနေနဲ့ ပါဝင်ဆောင်ခဲ့မှု၊ စစ်ဘက် ဆိုင်ရာအသုံးအနှုံးတွေနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားတွေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းရေး လုပ်ငန်းစဉ်တွေအပေါ် တပ်မတော်ရဲ့ သဘောထားတွေကို အဓိက ထားပြီးရှင်းလင်းပြောကြားခဲ့တာဖြစ်ပါ တယ်။ အဲ့ဒီနောက်မှာတော့ သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒီလို သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ကာကွယ်ရေးဦးစီးချုပ်က အပြန်အလှန်ဖြေကြားစဉ်မှာ မြန်မာနိုင်ငံရေးအတွက် ထူးခြားတဲ့ ဘယ်လို အကြောင်းအရာမျိုးတွေ ပါဝင်နေပါလဲ။ ဒီသတင်းမီဒီယာတွေ့ဆုံမှု ကနေတဆင့် ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ တပ်မတော်ရဲ့ လုပ်ရပ်တွေကို အများပြည်သူတွေ ထင်သာမြင်သာရှိရှိ သိရှိလာကြရတော့မှာလား ဆိုတာတွေကလည်း အများပြည်သူတွေအတွက် စိတ်ဝင်စားဖွယ်ရာ ကောင်းလှ ပါတယ်။

ဒါကြောင့် အခုကျင်းပပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲကို မြန်မာကေဘယ်ရုပ်သံသတင်းဌာန အနေနဲ့တက်ရောက် သတင်းရယူခွင့်မရှိခဲ့ပေမယ့် တက်ရောက်မေးခွန်းတွေ မေးမြန်းခွင့်ရရှိခဲ့သူ မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆရာဦးကျော်စွာမင်းကို MCN သတင်းခန်းရဲ့ STREAMIZ SHOW အစီအစဉ်ကနေပြီး ဆက်သွယ်မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ ဂတိပြု ပြောကြား ခဲ့တဲ့ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်အပေါ် လက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရပ်တည်ပြီး အာဏာပြန်သိမ်းဖို့ လုံးဝအစီအစဉ်မရှိဘူးဆိုတဲ့ ဂတိတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပြစ်အခက်ရပ်ဆဲရေး စာချုပ် ချုပ်ဆိုနိုင်ရေးဆိုင်ရာ သဘောထားတွေနဲ့အတူ တပ်မတော်ကို သူတာဝန်ယူ စဉ်မှာ ခေတ်မှီတပ်မတော်တရပ်၊ လူ့အခွင့်အရေးကို လေးစားတန်ဘိုးထားတဲ့ တပ်မတော်တရပ်အနေနဲ့ ဖြစ် အောင် ဘယ်လောက်အထိ ဆောင်ရွက်နိုင်မယ်၊ ဆောင်ရွက်ပေးမယ်ဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စ ရပ်တွေဖြစ်တယ်ဆိုတာကို တင်ပြရင်း MCN သတင်းခန်းရဲ့ STREAMIZ SHOW အစီအစဉ်ကို အဆုံးသက် လိုက်ရပါတယ်။

MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကို ဝေဖန်အကြံပြုလိုရင်ဖြစ် စေ သတင်းကိစ္စတွေနဲ့ ဆက်သွယ်လိုရင်ဖြစ်စေ ဖုန်းနံပတ် +959 36084960 ကိုဖြစ်စေ သတင်းခန်းရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ [email protected] ကိုဖြစ်စေ ဆက်သွယ် ဝေဖန်အကြံပြုနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ ထုတ်လွှင့်ပြီး သတင်းတွေအပါအ၀င် ရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook မှာ MCN TV NEWS အမည်နဲ့ ရှာဖွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကိုကြည့်ရှု့အားပေးခဲ့ကြတဲ့အတွက် အထူး ကျေးဇူး တင်ရှိပါတယ်ရှင်။ ကျွန်မကတော့ ဗျူးလဦးပါ။။။။။။။။

adv_banner