?bph6

Place your ads here!

ထိုင်းနိုင်ငံရှိ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေထဲက ရာခိုင်နှုန်းအနည်းငယ်ပဲ မဲပေးခွင့်ရတာ ဘယ်သူကြောင့်လဲ

ဒီကနေ့ MCN STREAMIZ SHOW အစီစဉ်မှာတော့ ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားတွေထဲက ရာခိုင်နှုန်းအနည်းငယ်ပဲ ရွေးကောက်ပွဲမှာ အဝေးရောက်မဲ၊ ကြိုတင်မဲအနေနဲ့ ဆန္ဒမဲပေးခွင့်ရှိကြမယ့် အခြေအနေတွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုသန်းနဲ့ချီနဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ၊ မြန်မာပြည်စုစုပေါင်းလူဦးရေရဲ့ ၁၀ % နှုန်း နီးပါးရှိနေတဲ့ ရွေ့ပြောင်းမြန်မာလုပ်သားရဲ့ အမြင့်ဆုံး နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်တွေ ဆုံးရှုံးရတာဟာ အစိုးရကြောင့်ပဲလား။ ဒါမှမဟုတ် အာဏာရရော၊ အတိုက်အခံ ရောအပါအ၀င် နိုင်ငံရေးပါတီအသီးသီးက လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ဆောင်ရွက်ချက်တွေ အားနည်း ခဲ့တာကြောင်လား ဆိုတာတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် MCN သတင်းခန်းရဲ့ STREAMIZ SHOW အစီအစဉ်ကနေ ထိုင်းနိုင်ငံကို အခြေစိုက်ပြီး နှစ်ပေါင်းများစွာ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) Foundation for Education and Development က အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဆုံးရှုံးနေတဲ့ အမြင့်ဆုံး နိုင်ငံသားအခွင့်အရေးတွေကို ပြန်ရအောင် ရွေးကောက်ပွဲကော်မရှင်အပါအ၀င်၊ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး ပါတီအသီးသီးက ဘယ်လောက်အထိ အချိန်မှီ ဆောင်ရွက်ပေးကြမလဲဆိုတာ မေးခွန်းထုတ်ရင်း ဒီကနေ့ MCN STREAMIZ SHOW အစီစဉ်ကို အဆုံးသတ်လိုက်ရပါတယ်။

MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကို ဝေဖန်အကြံပြုလိုရင်ဖြစ် စေ သတင်းကိစ္စတွေနဲ့ ဆက်သွယ်လိုရင်ဖြစ်စေ ဖုန်းနံပတ် +959 36084960 ကိုဖြစ်စေ သတင်းခန်းရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ [email protected] ကိုဖြစ်စေ ဆက်သွယ် ဝေဖန်အကြံပြုနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ ထုတ်လွှင့်ပြီး သတင်းတွေအပါအ၀င် ရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook မှာ MCN TV NEWS အမည်နဲ့ ရှာဖွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကိုကြည့်ရှု့အားပေးခဲ့ကြတဲ့အတွက် အထူး ကျေးဇူး တင်ရှိပါတယ်ရှင်။

adv_banner