အကျဉ်းထောင်ဆူပူမှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ အဖွဲ့အစည်းရှိတယ်လို့ အင်စိန်အောင်စိုး ပြော

0
193


ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကနေ မေလ ၇ ရက်နေ့အထိ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသားခွင့်နဲ့ အကျဉ်းသား ၂၃၀ဝ၀ ကျော် လွှတ်ပေးခဲ့ပါတယ်။ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်ကို အကြောင်းပြုပြီး လွတ်ငြိမ်းချမ်းသာခွင့် တန်းတူပေးဖို့ အကျဉ်းထောင် ၇ ခုမှာ ထောင်ဆူပူမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအကျဉ်းထောင်တွေထဲမှာ ရွှေဘိုအကျဉ်းထောင်က အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ လုံးဝ ကိုင်ဆောင်ခွင့်မရှိတဲ့ အီလက်ထရောနစ် ဆက်သွယ်ရေး ဖြစ်တဲ့ မိုဘိုင်းဖုန်းနဲ့ အကျဉ်းသားတစ်ဦးက Live ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး၊ အကျဉ်းသားတွေရဲ့ တောင်းဆိုမှုကလည်း တစ်ထပ်တည်း ကျနေတာတွေ ရှိနေတာ ဖြစ်ပါတယ်။ အဲဒီလို အကျဉ်းသားတွေရဲ့ တောင်းဆိုမှု တစ်ထပ်တည်း ကျနေတာနဲ့ အကျဉ်းသားတွေ လုံးဝ ကိုင်ဆောင်ခွင့်မရှိတဲ့ မိုဘိုင်းဖုန်း Live ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ထောင် ၃ ကြိမ်ကျပြီး ထောင်ဒဏ် ၂၁ ကျခံဖူးသူ၊ အင်းစိန် အကျဉ်းထောင်နဲ့ ပတ်သက်ပြီး အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ ဆိုတဲ့ စာအုပ်အပါအဝင် လုံးချင်းစာအုပ် ၄ အုပ် ရေးသားခဲ့သူ အင်းစိန် အောင်စိုးနဲ့ တွေ့ဆုံ မေးမြန်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

?bph6