ဗမာမုန္းတီးေရး အမ်ိဳးသားေရး သဲပက္ၿပီး တိုင္းျပည္ဖ်က္မယ့္ အႀကံလက္မခံဟုဆို

0
259

■ တိုင္းရင္းသားအခ်ိဳ႕ ဗမာမုန္းတီးေရးဆိုတဲ့ အမ်ိဳးသားေရး သဲပက္ၿပီး တိုင္းျပည္ဖ်က္မယ့္ အႀကံအစည္ေတြကို လက္ခံႏိုင္ဖြယ္ မရွိဘူးလို႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ဆရာသန္းစိုးႏိုင္က ေျပာၾကားလိုက္ပါတယ္။

■ ဒါ့အျပင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ ၇ ဖြဲ႔လံုးက တရား၀င္ သေဘာတူ လက္ခံထားတာမ်ိဳး မရွိတဲ့ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ရကၡိဳင့္အခ်ဳပ္အျခာ ျပန္လည္ရရွိေရးအပါအ၀င္ ကြန္ဖန္ထရိတ္အယူအဆေတြဟာ FPNCC ရဲ႕ သေဘာထား ဟုတ္ မဟုတ္ကို ရွင္းလင္းဖို႔ လိုတယ္လို႔လည္း သူက ေျပာတာပါ။

■ အဲ့ဒီလို ရွင္းလင္းၿပီးတဲ့ေနာက္ AA ကို Bilateral အေနနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ၿပီး ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းေပၚ ေရာက္ရွိလာေအာင္ ေဆာင္ရြက္သင့္တယ္လို႔လည္း ဦးသန္းစိုးႏိုင္က တိုက္တြန္းထားပါတယ္။

■ ဧၿပီလ ၃၀ ရက္ေန႔က အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC ရဲ႕ ကိုယ္စားလွယ္ အဖြဲ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြရဲ႕ ကိုယ္စားလွယ္ေတြ ေဆြးေႏြးပြဲအၿပီး တပ္မေတာ္က ပစ္ခတ္တိုက္ခိုက္မႈရပ္ဆဲေရး ကာလ ၂ လ ထပ္မံတိုးျမႇင့္လိုက္တဲ့အေပၚ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြအေပၚ သက္ေရာက္မႈေတြနဲ႔ပတ္သက္ၿပီး ေတြ႔ဆံုေမးျမန္းရာမွာ အဲ့ဒီလိုေျပာၾကားလိုက္တာပါ။

■ အျပည့္အစံုကိုေတာ့ MCN သတင္းဌာနရဲ႕ ေတြ႔ဆံုေမးျမန္းခန္း အစီအစဥ္မွာ ႐ႈစားႏိုင္ၾကမွာ ျဖစ္ပါတယ္။


■ တိုင်းရင်းသားအချို့ ဗမာမုန်းတီးရေးဆိုတဲ့ အမျိုးသားရေး သဲပက်ပြီး တိုင်းပြည်ဖျက်မယ့် အကြံအစည်တွေကို လက်ခံနိုင်ဖွယ် မရှိဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဆရာသန်းစိုးနိုင်က ပြောကြားလိုက်ပါတယ်။

■ ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့လုံးက တရားဝင် သဘောတူ လက်ခံထားတာမျိုး မရှိတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ရက္ခိုင့်အချုပ်အခြာ ပြန်လည်ရရှိရေးအပါအဝင် ကွန်ဖန်ထရိတ်အယူအဆတွေဟာ FPNCC ရဲ့ သဘောထား ဟုတ် မဟုတ်ကို ရှင်းလင်းဖို့ လိုတယ်လို့လည်း သူက ပြောတာပါ။

■ အဲ့ဒီလို ရှင်းလင်းပြီးတဲ့နောက် AA ကို Bilateral အနေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်ရှိလာအောင် ဆောင်ရွက်သင့်တယ်လို့လည်း ဦးသန်းစိုးနိုင်က တိုက်တွန်းထားပါတယ်။

■ ဧပြီလ ၃၀ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲအပြီး တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေး ကာလ ၂ လ ထပ်မံတိုးမြှင့်လိုက်တဲ့အပေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းရာမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

■ အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။