ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD အစိုးရကို အၾကပ္တည္းေတြ႔ေအာင္ တ႐ုတ္ ဖိအားေပးဖြယ္ မရွိ

0
165

■ တ႐ုတ္အစိုးရအေနနဲ႔ ေခတ္သစ္ပိုးလမ္းမ စီမံကိန္းအပါအ၀င္ OBOR စီမံကိန္းေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရအဖြဲ႔ကို အၾကပ္တည္းေတြ႔ေအာင္ ဖိအားေပးႏိုင္ဖြယ္ မရွိဘူးလို႔ “ျမန္မာ့ေရးရာ” ေလ့လာေရး အဖြဲ႔က ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

■ ဧၿပီလ ၂၄ ရက္ေန႔မွာ စတင္လိုက္တဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ခရီးစဥ္နဲ႔ပတ္သက္ၿပီး MCN သတင္းဌာနရဲ႕ သီသန္႔ေတြ႔ဆံုေမးျမန္းခန္းမွာ “ျမန္မာ့ေရးရာ” ေလ့လာေရး အဖြဲ႔ရဲ႕ အႀကီးတန္း သုေတသနပညာရွင္ တစ္ဦးျဖစ္သလို ျမန္မာ့ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ဦးေအးေမာင္ေက်ာ္က ေျပာၾကားလိုက္တာပါ။

■ ဒီလိုေျပာၾကားရာမွာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ စီမံကိန္းေတြနဲ႔ပတ္သက္ရင္ ခ်မွတ္ထားၿပီးျဖစ္တဲ့ အမ်ိဳးသားစီမံကိန္းဆိုင္ရာ မူ၀ါဒေတြျဖစ္တဲ့ ႏိုင္ငံေတာ္ရဲ႕ အမ်ိဳးသားစီမံကိန္းေတြနဲ႔ ေဘာင္၀င္ဖို႔၊ ျမန္မာႏိုင္ငံရဲ႕ သဘာ၀ပတ္၀န္းက်င္နဲ႔ လိုက္ေလ်ာညီေထြၿပီး တာ၀န္ယူတာ၀န္ခံမႈရွိကာ ပြင့္လင္းျမင္သာမႈရွိဖို႔၊ ေဒသခံေတြရဲ႕ အက်ိဳးစီးပြားကို အမွန္တကယ္ျမႇင့္တင္ေပးႏိုင္ဖို႔စတဲ့ မူ၀ါဒေတြနဲ႔အညီ ရပ္တည္ေဆြးေႏြးဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

■ ဒါ့အျပင္ တ႐ုတ္ႏိုင္ငံအေနနဲ႔လည္း ဗဟိုအစိုးရအပါအ၀င္ အဆင့္ဆင့္ေသာ အစိုးရအဖြဲ႔အစည္းေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈ အေျခအေနကို နားလည္ သေဘာေပါက္ၿပီး အရင္က်င့္သံုးခဲ့တဲ့ မူ၀ါဒေတြကို ေျပာင္းလဲက်င့္သံုးမွသာ ျမန္မာႏိုင္ငံရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြ ရရွိႏိုင္မယ္လို႔လည္း သူကေျပာပါတယ္။

■ အျပည့္အစံုကို MCN သတင္းဌာနရဲ႕ ေတြ႔ဆံုေမးျမန္းခန္း အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


■ တရုတ်အစိုးရအနေနဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအပါအဝင် OBOR စီမံကိန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့ကို အကြပ်တည်းတွေ့အောင် ဖိအားပေးနိုင်ဖွယ် မရှိဘူးလို့ “မြန်မာ့ရေးရာ” လေ့လာရေး အဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

■ ဧပြီလ ၂၄ ရက်နေ့မှာ စတင်လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး MCN သတင်းဌာနရဲ့ သီသန့်တွေ့ဆုံမေးမြန်းခန်းမှာ “မြန်မာ့ရေးရာ” လေ့လာရေး အဖွဲ့ရဲ့ အကြီးတန်း သုတေသနပညာရှင် တစ်ဦးဖြစ်သလို မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအေးမောင်ကျော်က ပြောကြားလိုက်တာပါ။

■ ဒီလိုပြောကြားရာမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေနဲ့ပတ်သက်ရင် ချမှတ်ထားပြီးဖြစ်တဲ့ အမျိုးသားစီမံကိန်းဆိုင်ရာ မူဝါဒတွေဖြစ်တဲ့ နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်းတွေနဲ့ ဘောင်ဝင်ဖို့၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေပြီး တာဝန်ယူတာဝန်ခံမှုရှိကာ ပွင့်လင်းမြင်သာမှုရှိဖို့၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ်မြှင့်တင်ပေးနိုင်ဖို့စတဲ့ မူဝါဒတွေနဲ့အညီ ရပ်တည်ဆွေးနွေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

■ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့လည်း ဗဟိုအစိုးရအပါအဝင် အဆင့်ဆင့်သော အစိုးရအဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အခြေအနေကို နားလည် သဘောပေါက်ပြီး အရင်ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကို ပြောင်းလဲကျင့်သုံးမှသာ မြန်မာနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိနိုင်မယ်လို့လည်း သူကပြောပါတယ်။

■ အပြည့်အစုံကို MCN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6