NLD အစိုးရ ပညာရေးဆိုင်ရာ ရွေးကောက်ပွဲ ကတိက၀တ်တွေကို အကောင်အထည်ဖော်ဖို့ အားနည်းနေဆဲ

0
186





နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရအနေနဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို လွှဲပြောင်းရယူခဲ့တာ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာတော့ ၃ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

■ NLD ပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ သက်တမ်း ၃ နှစ်တာကာလအတွင်းမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကဏ္ဍအသီးသီးကို ဘယ်လောက်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီလဲဆိုတာ သုံးသပ်တင်ပြဖို့ သတင်းမီဒီယာတွေအနေနဲ့ အထူး အရေးကြီးတဲ့ တာဝန်လို့ မှတ်ယူတဲ့အတွက် “ NLD အစိုးရအဖွဲ့သက်တမ်း (၃) နှစ်ပြည့်” အထူးအစီအစဉ် တစ်ရပ်ကို စီစဉ်တင်ဆက်ပေးထားပါတယ်။

■ အခု အစီအစဉ်မှာတော့ NLD အစိုးရလက်ထက် (၃) အတွင်း ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ပညာရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပက်သက်လို့ ဘယ်လောက်အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လဲဆိုတဲ့အပေါ် တစ်ဦးချင်းစီရဲ့ မတူကွဲပြားခြားနားတဲ့ အမြင်ပေါင်းစုံနဲ့ ရှု့ဒေါင့်အသီးသီးကနေ ဝေဖန်ပိုင်းခြားနိုင်ဖို့ စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။

■ အပြည့်အစုံကိုတော့ အမျိုးသားပိုင် MCN ရုပ်/သံ သတင်းဌာနရဲ့ “ NLD အစိုးရအဖွဲ့သက်တမ်း (၃) နှစ်ပြည့်” အထူးအစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6