၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၊ သောကြာနေ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်

မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၊ သောကြာနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။
၁။ နိုင်ငံတော်သမ္မတရဲ့ ပြည်တွင်းခရီးစဉ်ဟာ အစိုးရအဖွဲ့ရဲ့ ခရီးစဉ်သာဖြစ်ပြီး ပါတီစည်းရုံးရေးလုပ်တာ မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။
၂။ Fly to Vote အမည်နဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသား ၂၀၀ နီးပါးဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် နေရပ်ပြန်ဆန္ဒမဲပေးဖို့ MAI လေကြောင်းလိုင်း စင်းလုံးငှားပြီး ဒီကနေ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။
၃။ အီဂျစ်နိုင်ငံSharm al-Sheikh အပန်းဖြေစခန်းကိုသွားမဲ့ လေကြောင်းခရီးစဉ်ကို ရပ်ဆိုင်းလိုက် တာကြောင့် အဲဒီမှာခရီးသွားတစ်ချို့ သောင်တင်နေကြပါတယ်။
စတဲ့သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

adv_banner