?bph6

Place your ads here!

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်၊ ကြာသပတေးနေ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်း အစီအစဉ်

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်၊ ကြာသပတေးနေ့အတွက် မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။
၁။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအပါအ၀င် ဒေသဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့နဲ့ ဖြိုးရေးပါတီတို့ မဲမသာမှုတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
၂။ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း ဆန္ဒမဲတွေကို လွတ်လပ်စွာပေးရမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်ပါတယ်။
၃။ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းမှာ ပျက်ကျခဲ့တဲ့ ရုရှားလေယဉ်ဟာ IS အဖွဲ့ရဲ့ ဗုံးကြောင့် ပျက်ကျခဲ့တာဟုတ်မဟုတ် သက်သေပြဖို့ အမေရိကန်နဲ့ ဥရောပလုံခြုံရေးအဖွဲ့က ရုရှားလေကြောင်း အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
စတဲ့သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာဖြစ်ပါတယ်။

adv_banner