?bph6

Place your ads here!

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ အင်္ဂါနေ့ နေ့စဉ်အွန်လိုင်းရုပ်သံ သတင်းအစီအစဉ်

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ အင်္ဂါနေ့အတွက် မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒမဲပေးဖို့ ပုံစံ ၁၅ လျှောက်ထား ၃ သောင်း ၄ ထောင်ကျော် ထဲက မဲလက်မှတ်ပြန်ပို့ပေးနိုင်တဲ့ မဲဆန္ဒရှင်ဦးရေ ၃ သောင်း ၁၅၂ ဦးသာ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်ပါတယ်။
၂။ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေအတွက် ပုံစံ (၃-က) ထပ်မံခွင့်ပြုဖို့ နိုင်ငံရေးပါတီတွေရဲ့ တောင်းဆိုမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။
၃။ အာဖဂန်နစ္စတန် မြောက်ပိုင်းကို ဦးတည်ပြီး အောက်တိုဘာလ 26 ရက် မနေ့က အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့ပါတယ်။
စတဲ့သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

adv_banner