၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်၊ သောကြာနေ့ နေ့စဉ်အွန်လိုင်းရုပ်သံ သတင်းအစီအစဉ်

မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လဆန်း ၁၀ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်၊ သောကြာနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာရှိတဲ့ ကျောက်စိမ်းတွင်းတွေနဲ့ ကျောက်စိမ်းလုပ်ငန်းတွေကို စစ်အစိုးရ ခေါင်းဆောင်ဟောင်းတချို့နဲ့ ခရိုနီတွေက ပိုင်ဆိုင်ထားတယ်လို့ Globle Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
၂။ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတပြီး တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးဖို့ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေက ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေတ္တရပ်ခံလိုက်ပါတယ်။
၃။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အမေရိကန် ကွန်ကရက်လွှတ်တော်က တင်သွင်းလာတဲ့ ကာကွယ်ရေးစရိတ် ဘီလီယံ ၆၀၀ ကျော်ကို ဗီဒိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။စတဲ့ သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

adv_banner