၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်၊ အင်္ဂါနေ့ နေ့စဉ်အွန်လိုင်းရုပ်သံ သတင်းအစီအစဉ်

မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လဆန်း ၇ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်၊ အင်္ဂါနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ရန်ကုန်တိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီဝင်တွေ၊ အောင်နိုင်ရေးအဖွဲ့ဝင်တွေအနေနဲ့ ဟောပြောပွဲတွေ မပြုလုပ်ဖို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

၂။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှုတွေကို ထိန်းချုပ်မှုတွေပြုလုပ်မယ်ဆိုရင် တိုင်းပြည်တိုးတက်ဖို့ အထောက်အပံ့ကောင်း ဖြစ်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြား လိုက်ပါတယ်။

၃။ တရုတ်နိုင်ငံ သမ္မတ ရှင်ကျင်းပင်ဟာ တရာဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို သွားရောက်ခဲ့တဲ့သတင်း။။။

စတဲ့သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာဖြစ်ပါတယ်။

adv_banner