နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက် (တနင်္လာနေ့)

မြန်မာကေဘယ်ရုပ်သံသတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ရုပ်သံသတင်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်၊ တနင်္လာနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ရွေးကောက်ပွဲအနိုင်ရခဲ့လို့ အစိုးရဖွဲ့နိုင်ရင် ပါတီဝင်မဟုတ်တဲ့ ပြင်ပက ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

၂။ ကိုကိုးကျွန်းမဲဆန္ဒနယ်ကို ဒီနေ့အချိန်အထိ မဲဆွယ်စည်းရုံမှုတွေ မလုပ်နိုင်သေးတာဟာ တိုင်းဒေသကြီးအစိုးရရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်တယ်လို့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုကိုးကျွန်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောကြားလိုက်ပါတယ်။

၃။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကဘယ်လိုရန်စမှုမျိုးကိုမဆို တုံ့ပြန်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။
စတဲ့သတင်းတွေနဲ့အတူ အခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးသွားအုန်းမှာဖြစ်ပါတယ်။

adv_banner