?bph6

Place your ads here!

Ride Along 2 ရုပ်ရှင်ဇာတ်ကားကို ဇန်န၀ါရီလ 15 ရက်နေ့ အမေရိကန်ပြည်ထောင်စုမှာပြသ

[fbvideo link=”https://www.facebook.com/mcntv/videos/782130285246850/” width=”800″ height=”700″ onlyvideo=”1″]

 

Ride Along 2 ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာပါ။
ဒီဇာတ်ကားကိုလာမဲ့ ဇန်န၀ါရီလ 15 ရက်နေ့ အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာရုံတင်ပြသမှာဖြစ်ပါတယ်ရှင်။
ဒီဇာတ်ကားမှာဇာတ်ဆောင်မင်းသားဖြစ်တဲ့ Ben ဟာ မင်္ဂဆောင်တော့မှာဖြစ်ပါတယ်။
မင်္ဂလာဆောင်တဲ့ရက် နီးကပ်နေပေမယ့် Ben ဟာ သူရဲ့ ယောက်ဖဖြစ်သူ James အတူအမေရိကန်ပြည်ထောင်စု ဖရော်ရီဒါပြည်နယ်က မိုင်ယာမီ မြို့ကို ထွက်ခွာလာခဲ့ကြပါတယ်။
အဲဒီမှာ James ဟာ Atlantaမြို့ က မူးယစ်ဆေးရောင်းဝယ်နေတဲ့ Serge Pope ကိုသွားရောက်ဖမ်းဆီးဖို့ သွားရောက်ခဲ့ပါတယ်။
Ben ဟာ အဲဒီကိစ္စ ချောချောမွေ့မွေ့နဲ့ ဖြေရှင်နိုင်ပြီးဂျော်ဂျီယာပြည်နယ် Atlanta မြို့ကို ပြန်ပြီးသူ့မင်္ဂလာပွဲကို ပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။
တရားခံကိုဖမ်းဆီးဖို့ကြိုးစားရင်းနဲ့ ကြုံတွေ့လာရတဲ့ အခက်ခဲတွေကိုဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားကိုဒါရိုက်တာ Tim Story ကရိုက်ကူးထားတြာ့ဖစ်ပြီး Olivia Munn, Ice Cube နဲ့အတူတခြားသရုပ်ဆောင်တွေ အားဖြည့်ထားတဲ့ ဟာသအက်ရှင် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်

adv_banner