?bph6

Place your ads here!

kung Fu Panda 3 ရုပ်ရှင်ဇာတ်ကားမိတ်ဆက်

[fbvideo link=”https://www.facebook.com/mcntv/videos/779867035473175/” width=”800″ height=”700″ onlyvideo=”1″]

 

kung Fu Panda 3 ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာပါ။
ဒီဇာတ်ကားကိုအမေရိကန်ပြည်ထောင်စုကရုပ်ရှင်ရုံတွေမှာလာမဲ့ 2016 ဇန်န၀ါရီလ 29 ရက်နေ့မှာရုံတင်ပြသမှာဖြစ်ပါတယ်ရှင်။
ဒီဇာတ်လမ်းထဲမှာတော့ အချိန်အတော်ကြာ မဆုံဖြစ်ကြတဲ့ ပန်ဒါလေး Po တို့ သားအဖနှစ်ဦးပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။
အဲဒီနောက် ပန်ဒါလေးတွေ နေထိုင်ရာနေရာကိုသူ့ဖခင်နဲ့အတူပြန်သွားခဲ့ကြပါတယ်။
ပန်ဒါတို့ရဲ့နေရာမှာပျော်ရွင်စွာနေထိုင်နေကြရင်းတစ်နေ့မှာတော့ သူတို့နေရာကိုဖျက်ဆီးမဲ့ သူပေါ်လာခဲ့ပါတယ်။
ပန်ဒါလေးပိုဟာသူတို့နေရာကိုကာကွယ်ဖို့အတွက် ကွန်ဖူးအတတ်ပညာကိုတခြား ၀က်ဝံလေးတွေကိုလည်း သင်ကြားပေးခဲ့ပါတယ်။
အဲဒီနောက် ရန်သူ့လက်ထဲကနေဒီနေရာကိုကာကွယ်သွားနိုင်မလားဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
Jack Black , Angelina Jolie နဲ့အတူတခြားအသံပိုင်းဆိုင်ရာသရုပ်ဆောင်တွေ အားဖြည့်ထားတဲ့ ဒီဇာတ်ကားကိုဒါရိုက်တာ Jennifer Yuh Nelson နဲ့ Alessandro Carloniတို့ ရိုက်ကူးထားတာဖြစ်ပြီးDreamWorks Animation နဲ့ Oriental Dream Works ကုမ္ပဏီတို့က ဖြန့်ချီလိုက်တဲ့ ဟာသ Animation ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

adv_banner