?bph6

Place your ads here!

20 Century Fox က ဖြန့်ချီသွားမဲ့ The Revenant ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်

[fbvideo link=”https://www.facebook.com/mcntv/videos/769850453141500/” width=”800″ height=”700″ onlyvideo=”1″]

 

The Revenant ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားကိုလာမဲ့ 2016 ခုနှစ် ဇန်န၀ါရီလ 8 ရက်နေ့ အမေရိကန်ပြည်ထောင်စုကရုပ်ရှင်ရုံတွေမှာရုံတင်ပြသမှာဖြစ်ပါတယ်ရှင်။
20 ရာစု အစောပိုင်း ၀န်းကျင်ခန့်က သြစတြေးလျနယ်စပ်ဒေသ တောထဲမှာ အခြေစိုက်နေထိုင်ကြသူတွေရဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။
တစ်နေ့မှာတော့ Hugh Glass ဟာ အမဲလိုက်အဖွဲ့တွေနဲ့အတူ တောထွက်ခဲ့ကြရင်းနဲ့ လူရိုင်းတွေရဲ့ အန္တရာယ်ကိုရင်ဆိုင်ခဲ့ရပါတယ
အဲဒီနောက် လူရိုင်းတွေရဲ့ အန္တရာယ်ကို ကျော်လွန်းပြီး နေရပ်ကို ပြန်ဖို့ ကြိုးစားခဲ့ကြပါတယ်။
နေရပ်ကိုပြန်တဲ့လမ်းမှာ တောကိုဖြတ်ကျာ်နေစဉ်အတွင်း Glass က ၀က်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး ဒဏ်ရာရသွားခဲ့ပေမဲ့ သူ့ အဖွဲ့ကသူ့ကိုချန်ထားခဲ့ပြီး ပြန်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သူ့မိသားစုနဲ့ ပြန်လည်စုံတွေ့ရဖို့ အိမ်ကိုပြန်ဖို့ လမ်းစတွေရှာဖွေရင်းက ကြုံတွေ့လာတဲ့ အခက်ခဲတွေကိုရိုက်ကူးထားတဲ့ ဒရမ်မာရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုဒါရိုက်တာ Alejandro Gonzalez Inarritu က ရိုက်ကူးထားတာဖြစ်ပြီးသရုပ်ဆောင်တွေအဖြစ် Leonardo DiCaprio , Tom Hardy တို့နဲ့အတူတခြားသရုပ်ဆောင်တွေအားဖြည့်ထားပြီး 20 Century Fox က ဖြန့်ချီသွားမဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်

adv_banner