?bph6

Place your ads here!

Universal ကုမ္ပဏီကနေ ဖြန့်ချီသွားမယ့် Sisters ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်

[fbvideo link=”https://www.facebook.com/mcntv/videos/768978113228734/” width=”800″ height=”700″ onlyvideo=”1″]

 

Sisters ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားကို လာမဲ့
ဒီဇင်ဘာလ 18 ရက်နေ့ အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်ရှင်။
ဒီဇာတ်လမ်းထဲမှာတော့ Tina Fey နဲ့ Amy Poehler တို့က ညီအစ်မတွေဖြစ်ကြပါတယ်။
သူတို့ညီအစ်မနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ကိုချစ်ကြသလို ပြီးပြည့်စုံတဲ့ ညီအစ်မတွေဖြစ်တယ်လို့ တစ်ယောက်ကိုတစ်ယောက် သတ်မှတ်ထားကြတာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ စိတ်တူကိုယ်တူရှိခဲ့ပြီး သူတို့မိဘတွေက အိမ်ကိုရောင်းမယ်လို့ ပြောတဲ့အခါ သူမတို့အနေနဲ့ သူငယ်ချင်းတွေကိုခေါ်ပြီး အိမ်မှာ နောက်ဆုံးပါတီပွဲကိုပြုလုပ်ခဲ့ပါတယ်။
အိမ်ကို တခြားသူလက်ထဲ မရောင်းချင်တဲ့အတွက် ပါတီပွဲကိုပြုလုပ်ရင်းနဲ့ အိမ်ကို အမျိုးမျိုးပျက်ဆီးအောင်လုပ်ဖို့ကြံရွယ်ကာ ကြုံတွေ့လာတဲ့ အလွဲလေးတွေကို ဟာသရောပြီး ရိုက်ကူးထားတာတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်
ဒီဇာတ်ကားကို ဒါရိုက်တာ Jason Moore ကရိုက်ကူးထားတာဖြစ်ပြီး Amy Poehler , Tina Fey တို့အပြင် တခြားသရုပ်ဆောင်တွေအားဖြည့်ထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကို Universal ကုမ္ပဏီကနေ ဖြန့်ချီသွားမှာဖြစ်ပါတယ်။

adv_banner