အမေရိကန် နိုင်ငံသားတွေ မြောက်ကိုရီးယား သွားဖို့ ဝန်ဆောင်မှု မပေးတော့ဘူးလို့ တရုတ်ကုမ္ပဏီ ပြော

လူသားချင်း စာနာထောက်ထားလို့ ဆိုပြီး မြောက်ကိုရီးယားက ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန် ကျောင်းသား အိုတို ဝမ်ဘီယာ သေဆုံးသွားပြီးနောက် သူ့ကို ခရီးသွား ဝန်ဆောင်မှု ပေးခဲ့တဲ့ တရုတ်ကုမ္ပဏီက အမေရိကန် နိုင်ငံသားတွေကို မြောက်ကိုရီးယား ခရီးစဉ်အတွက် ဝန်ဆောင်မှု မပေးတော့ဘူးလို့ ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ဝမ်ဘီယာကို မြောက်ကိုရီးယားက ၁၈ လကြာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့ပြီးမှ ပြန်လွှတ်ပေးလိုက်တာပါ။ ဝမ်ဘီယာရဲ့ မြောက်ကိုရီးယား ခရီးစဉ်ကို စီစဉ်ပေးတာက တရုတ်နိုင်ငံက Young Pioneer Tour ကုမ္ပဏီ ဖြစ်ပါတယ်။

ဝမ်ဘီယာဟာ အမေရိကန်ကို ပြန်ရောက်တာနဲ့ ဆေးကုသမှု ခံယူနေရပြီး ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခံထားရပါတယ်။ အိုဟိုင်းအိုးပြည်တယ်၊ စင်စင်နတီမြို့မှာ ဆေးကုသမှုခံယူနေရင်း ခြောက်ရက် အကြာမှာ ဝမ်ဘီယာ သေဆုံးသွားတာ ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကို “လူမဆန်တဲ့ အစိုးရ” လို့ ပြောဆိုလိုက်ပါတယ်။

adv_banner
adv_banner
adv_banner adv_banner