၂၀၁၄ခုနှစ် မေလ(၁၆)ရက်နေ့မှာ ထွက်ရှိမယ့် Godzilla ရုပ်ရှင်အကြောင်း

ဒီသီတင်းပတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ ၂၀၁၄ခုနှစ် မေလ(၁၆)ရက်နေ့မှာ ထွက်ရှိမယ့် Godzilla ရုပ်ရှင်အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာမြေပေါ်ကို ထူးဆန်းတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဂေါ်ဇီလာ ပုံစံ အကောင်ကြီးတွေ လာရောက် တိုက်ခိုက်ဖျက်စီးတဲ့ ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကို ဒါရိုက်တာ ဂဲတက် အက်ဝပ်ဒ်(Gareth Edwards) ကရိုက်ကူးခဲ့တာဖြစ်ပြီး အမျိုးသားသရုပ်ဆောင် အေရွန် တေလာ ဂျွန်ဆန်၊ အယ်လီဆက်ဖက် အော်ဆင်(Elizabeth Olsen)၊ ဘလိုင်ရန် ခရမ်စတန်(Bryan Cranston) တို့က ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

adv_banner
adv_banner