၂၀၁၅ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေစာပေစာကြည့်တိုက်စာအုပ်ဆုများ ချီးမြှင့်

မြန်မာနိုင်ငံပညာရေးစနစ် ကနှစ်ပေါ်င်းများစွာ ချို့ယွင်းချက် အားနည်းချက်တွေရှိခဲ့လို့ပညာရေးမှာ သင်ရိုးညွှန်းတမ်းတို့

သင်ကြားရေးစနစ်တို့ကိုပြောင်းလဲပြစ်ရမယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက် ကျော်တိုးလွင်ကပေးပို့ထားတာပါ။

၂၀၁၅ခုနှစ် အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ပခုက္ကူစာပေတစ်သက်တာစာပေဆု ပခုက္ကူဦးအုံးဖေစာပေစာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆု ဆုချီးမြှင့်ပွဲအခမ်းနားကို သြဂုတ်လ ၂၀ရက်နေ့က ရန်ကုန်မြို့ စာပေဗိမာန်ရုံး မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ပညာရေး စနစ် ကနှစ်ပေါင်းများစွာ ချို့ယွင်းချက်တွေ အားနည်းချက်တွေ ရှိခဲ့လို့ ပညာရေးမှာ သင်ရိုး ညွှန်းတမ်းတို့ သင်ကြားရေးစနစ်တို့ကိုပြောင်းလဲဖို့လိုအပ်နေတာလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကပြောပါတယ်။

လူငယ်တွေအနေနဲ့ စာအုပ်စာပေ သုတ ရသ အထွေထွေကို အိမ်မှာထားရှိကြပါ။ အဲ့တော့မှာ လူငယ်တွေ ဘ၀ကိုလျှောက်လှမ်းတဲ့ခါ အခက်ခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး လူငယ်တွေ အတွက်စာပေဟာ အထောက်ကူဖြစ်တယ်လို့ ၀တ္ထုတိုပေါင်းချုပ် ပထမဆုရ ဦးသန်းမြင့်သန်း (ကွမ်းခြံကုန်း)ကတိုက်တွန်းခဲ့တာပါ။

အဲ့ဒီဆုပေးပွဲအခမ်းနားမှာတော့ တစ်သက်တာစာပေဆုရ ၁ဦး၊ စာပေဆုရ ၁၁ဦး ၊ စာကြည့်တိုက်စာအုပ်ဆုရ ၂ဦး၊ အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ် ပညာသင်ဆု၂ဦး ၊ မြန်မာစာထူးချွန်ဆုရ ၄ဦး ၊၂၀၁၅ပခုက္ကူ ပညာရည်ချွန်ဆု ၁၈ဦး တို့ က ရရှိခဲ့ပါတယ်။

adv_banner