Myanmar Idol အစီအစဉ်တင်ဆက်သူ ကျော်ထက် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဇာတ်ကား စတင်ရိုက်ကူး

Myanmar Idol ရဲ့အစီအစဉ်တင်ဆက်သူ ကျော်ထက် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မယ့် သူငယ် ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ MCN သတင်းထောက် အေးမြတ်က သတင်းပေးပို့ထားပါတယ်။

Myanmar Idol အစီအစဉ်ကနေ ပရိသတ်သတိထားမိခဲ့တဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်ဟာ အခုဆိုရင် ခေါင်းဆောင်းမင်းသားတစ်ယောက် အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။
အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ သူငယ် ရုပ်ရှင်ဇာတ်ကားကို ၀ါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒီနေ့ခေတ် မိန်းမလျာအသိုင်းအ၀န်းမှာ သူငယ် ဆိုတဲ့ စကားလုံးအသုံးအနှုန်းကို ပုံဖော်ရိုက်ကူးသွားမှာပါ။ ဒီဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင်တွေအဖြစ် သရုပ်ဆောင် ကျော်ထက်၊ အကယ်ဒမီရန်အောင်၊ ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်နဲ့ သရုပ်ဆောင် မာရီကိုးတို့ ပါဝင်ထားပြီး ဒါရိုက်တာ အရုဏ်ဦး-ပွင့်သင်္ဂီဇော်က ရိုက်ကူးသွားမှာပါ။

သူငယ် ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၄ရက်နေ့ကစပြီး ရန်ကုန်မြို့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ကန်တော့ပေးပွဲအခမ်းအနားကိုတော့ သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner