သုဒြာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကား Reflection ကို စတင်ရိုက်ကူးတော့မယ်

သုဒြာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကား Reflectionကို လာမယ့် သြဂုတ်လ ၁၂ရက်နေ့စပြီး ရန်ကုန်မြို့နဲ့နေပြည်တော်တို့မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီသတင်း ကိုတော့ MCN သတင်းထောက်အေးမြတ်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်လောကထဲမှာ ပရိသတ်အားပေးမှုကိုရရှိထားတဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသမီး လေးယောက်နဲ့ ရိုက်ကူးသွားမယ့် Reflection ရုပ်ရှင်ဇာတ်ကားကြီးကို သုဒြာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ဇာတ်ကားအဖြစ် ရိုက်ကူးတော့မှာဖြစ်ပါတယ်။

အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ရဲ့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးကနေ ပရိသတ်အမြင်ထူးခြားစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ချပြနိုင်ဖို့အတွက် Reflection ဇာတ်ကားကို ရိုက်ကူးသွားမှာဖြစ်တယ်လို့ပြောပါတယ်။

အကယ်ဒမီဆုရ သရုပ်ဆောင်တွေဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ၀တ်မှုံရွှေရည်တို့အပြင် သရုပ်ဆောင်ပက်ထရစ်ရှာတို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီဇာတ်ကားကို အက်ရှင်ဇာတ်ကားအဖြစ် ဒါရိုက်တာ အကယ်ဒမီလူမင်းက ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Reflection ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လအတွင်းအပြီးသတ်ရိုက်ကူးသွားမှာဖြစ်သလို ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ရုပ်ရှင်ကန်တော့ပွဲအခမ်းအနားကိုတော့ ရန်ကုန်မြို့၊ပြည်လမ်းမှာရှိတဲ့ Novotel Hotel ဟိုတယ်မှာ သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner