အပြန်အလှန်မေးမြန်းနိုင်တဲ့ ပန်းချီအကြောင်းဟောပြော ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာရှိတဲ့ ပြုလုပ်

တက်ရောက်သူတွေ သိရှိလိုတာတွေကို အပြန်အလှန်မေးမြန်းနိုင်တဲ့ ပန်းချီအကြောင်းဟောပြော ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာရှိတဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက်အေးမြတ်က သတင်းပေးပို့ထားပါတယ်။
ပန်းချီပညာကို စိတ်ဝင်စားသူတွေအတွက် အပြန်အလှန်ဆွေးနွေးနိုင်တဲ့ ဟောပြောဆွေးနွေးပွဲတစ်ခုကို ပြုလုပ်နေတာပါ။ ပန်းချီဆရာကြီး မောင်မောင်သိမ်း (ပုသိမ်)ဦးဆောင်ပြီး သူ့ရဲ့လေးကြိမ်မြောက်တစ်ကိုယ် တော်ပြပွဲမှာ ပန်းချီပညာကို စိတ်ဝင်စားတဲ့လူငယ်တွေ၊ လေ့လာချင်သူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။

ပန်းချီနဲ့ ပတ်သက်တဲ့ ကာလာအယူအဆတွေ၊ အလှပန်းကနုတ်အကြောင်းတွေနဲ့ သမိုင်းကြောင်းဆိုင်ရာ ပန်းချီအကြောင်းအရာတွေကို ဟောပြောဆွေးနွေးခဲ့ကြပြီး လာရောက်နားထောင်ကြသူတွေကလည်း သိရှိလိုရာတွေကို မေးမြန်းကာ အပြန်အလှန်ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပန်းချီပညာရပ်အပေါ်မှာ စိတ်ဝင်စားသူတွေ အရင်ကထက်နည်းပါးနေတာကြောင့် ပန်းချီပညာကိုစိတ်ဝင်စား လာစေဖို့ အခုလို ဟောပြောဆွေးနွေးမှုတွေကလည်း လိုအပ်နေတာပါ။

ပန်းချီမောင်မောင်သိမ်း ရဲ့ပန်းချီပြပွဲကို ရန်ကုန်မြို့မှာရှိတဲ့ လောကနတ်ပန်းချီပြခန်းမှာ သြဂုတ်လ၂ ရက်နေ့ကနေ ၇ရက်နေ့အထိ ပြသခဲ့ပြီး ရေဆေးနဲ့ရေးဆွဲထားတဲ့ ပန်းချီကားတွေကို အများဆုံးပြသခဲ့ပါ တယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner