အမျိုးသားနိုင်ငံတော် ထူထောင်ရေးကို ဦးတည်ရင် ပြင်းထန်တဲ့ စစ်ရေး တုံ့ပြန်မှုတွေပဲ ခံရနိုင်တယ်

0
403





ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ ရခိုင်နိုင်ငံရေးအင်အားစုတွေ “အမျိုးသားနိုင်ငံတော် ထူထောင်ရေး” နဲ့ “ခွဲထွက်ရေး” ကို ဦးတည်မယ်ဆိုရင် လက်ရှိအခြေအနေအရ ပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှုပဲ ရခိုင်ပြည်သူတွေ ခံစားရမယ်လို့ တပ်မတော် အရာရှိဟောင်း ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖြေကြားစဉ် ဒေါက်တာအောင်မျိုးက လက်နက်ကိုင် တော်လှန်ရေး သမိုင်းကြောင်းတွေကို အခြေပြုပြီး ပြောကြားလိုက်တာပါ။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရခိုင်တိုင်းရင်းသားတွေ နိုင်ငံရေးနည်းနဲ့ ဥပဒေကို အားမကိုးလို့ မရခဲ့တာကြောင့် အခုလို အခြေအနေတွေ ဖြစ်ပေါ်ခဲ့ရပြီး ဒီအခြေအနေကို အစိုးရအဆက်ဆက်အနေနဲ့ သင်ခန်းစာ ယူသင့်တယ်လို့လည်း သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

?bph6