၂၀၁၉ က စပြီး ပါတီကြီးတွေ လွှမ်းမိုးတဲ့ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချဖို့ လိုအပ်နေတယ်

0
247







၂၀၁၉ ခုနှစ်ကနေစတင်ပြီး မြန်မာ့နိုင်ငံရေးမှာ ပါတီကြီးတွေ လွှမ်းမိုးထားတဲ့ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချဖို့ လိုအပ်နေတယ်လို့ “ပြည်သူ့ပါတီ” ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးရဲနိုင်အောင် (ခ) ကိုဝက ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ “၂၀၁၉ ခုနှစ်အတွက် ကြိုတင်ဟောကိန်း” အထူးအစီအစဉ်မှာ ဦးရဲနိုင်အောင် (ခ) ကိုဝက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာ့နိုင်ငံရေးမှာ အရည်အချင်းပြည့်ဝတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်ခွင့် ရရှိမှသာ စွမ်းဆောင်ရည် အပြည့်အဝနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အမှန်တကယ် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲတွေမှာ “ပြည်သူ့ပါတီ” ပါတီကြောင့် မဲပြားသွားနိုင်တယ်ဆိုတဲ့ NLD ပါတီကို ထောက်ခံသူတွေရဲ့ အယူအဆကိုလည်း လက်မခံဘူးလို့ ပြောကြားလိုက်ထားတာပါ။

အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ ၂၀၁၉ ခုနှစ်အတွက် ကြိုတင်ဟောကိန်း” အထူးအစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6