၂၀၁၄ ခုနှစ် Miss Myanmar International ပြိုင်ပွဲ သြဂုတ်လအတွင်းကျင်းပမည်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ကျင်းပမယ့် တတိယအကြိမ်မြောက် Miss Myanmar International 2014 ကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ သြဂုတ်လအတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာဆုရရှိမယ့် Miss ဟာဂျပန်နိုင်ငံမှာ နိုဝင်ဘာအတွင်း ကျင်းပမယ့် Miss International ပွဲကိုသွား ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

“ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာကျင်းပတဲ့ ခရီးသွားပြပွဲ တွေမှာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိတဲ့ အမျိုးသမီးငယ်လေးတွေကို မြန်မာနိုင်ငံရဲ့ကိုယ်စား ခရီးသွားလုပ်ငန်း ကို ကိုယ်စားပြုနိုင်ဖို့အတွက် သွားဖို့လည်းရှိပါတယ်”လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဖြိုးဝေရာဇာ ကပြောပါတယ်။

ပြီးခဲ့သည့် အကြိမ်ကသိန်း(၃၀)ချီးမြှင့်ခဲ့သည့် ဆုကြေးကိုလည်း ယခုနှစ်မှာသိန်း(၁၀၀)အထိတိုးမြှင့်ထားပြီး နိုင်ငံတကာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာမိန်းကလေးကို ပြင်ဆင်သင်ကြားပေးဖို့ အချိန်ကာလဟာ နည်းပါးတယ်လို့လည်း Talent and Model Agency မှ ဒေါ်တင်မိုးလွင်က ပြောပါတယ်။

ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ မိန်းကလေးတွေအနေနဲ့ ခရီးသွားလုပ်ငန်းကို ကိုယ်စားပြုရမှာဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ခရီးသွားဒေသတွေ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို သိရှိထားသင့်တယ်လို့ ၂၀၁၃ ခုနှစ် Miss Myanmar International ဆုရှင် မဂုဏ်ရည်အေးကျော်က ပြောပါတယ်။

“tourism industry ကို ambassador အဖြစ် ကိုယ်စားပြုကြမှာ ဖြစ်တဲ့အတွက် မေးခွန်းတွေမေးခဲ့ခြင်းမှာလည်း မနှစ်က ဆူညံသံတွေအများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာလည်း ဒီလိုမေးခွန်းမျိုးတွေထက်ပြီး မေးစေ ချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ tourism နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကိုတော့ မြန်မာနိုင်ငံကိုကိုယ်စား ပြုမယ့် miss တွေ အနည်းဆုံးတော့ သိထားသင့်ပါတယ်”လို့ မဂုဏ်ရည်အေးကျော် ကထပ်မံ ပြောကြားခဲ့ပါ တယ်။

အဲ့ဒီပြိုင်ပွဲအတွက် လျှောက်လွှာတွေကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ Alpha Resources တို့အပြင် Miss International ၀က်ဆိုဒ်တို့မှာ ရယူနိုင်ပြီး ဇူလိုင်လ ၃၁ရက်တွင် နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။

 

adv_banner
adv_banner