ကျောက်ဆည်မြို့နယ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ စုပေါင်းပြီးသွေးလှူဒါန်း

0
13

https://www.youtube.com/watch?v=T65Q90zP9F4

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ တောမ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်နဲ့ GTC ကျောင်းက ကျောင်းသား တွေစုပေါင်းပြီး ပထမဆုံးအကြိမ် သွေးလှူဒါန်းမှုကို ဇွန်လ ၁၈ ရက် က ကျောက်ဆည်မြို့ တောမ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

သွေးလှူဒါန်းမှုမှာ ကျောင်းသူ ကျောင်းသား ၆၅၀

ကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး သွေးအိတ်ထိန်းသိမ်းဖို့ အခက် အခဲတွေရှိတာကြောင့် ကျောင်းသားပေါင်း ၂၅၀ ကျော်ရဲ့ သွေးလှူဒါန်းမှုကို လက်မခံမနိုင်ဘဲ စုစုပေါင်းသွေးအိပ် ၄၀၀ ကျော်ပဲ လှူဒါန်းနိုင်ခဲ့တာဖြစ်ပါတယ်။

“ဒီလိုသွေးလှူဒါန်းရတဲ့အတွက် အရမ်းလည်းပီတိဖြစ်ရပါတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့လည်း အတူ လှူရတာဆိုတော့ အရမ်းလည်းပျော်ဖို့ ကောင်းပါတယ်။ ကုသိုလ်လည်းအများကြီးရပါတယ်။ အားလုံးကိုလည်း ဒီလိုပရဟိတစိတ်နဲ့ လာရောက်လှူဒါန်းစေချင်ပါတယ်”လို့ သွေးလှူဒန်းခဲ့သူ တစ်ဦးကပြောပါတယ်။

မန္တလေးမြို့ ဒဟက်တော ကွန်ပျူတာတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေလည်း ပြီးခဲ့သည့် လပိုင်းတွေ က မန္တလေးဆေးရုံကြီး အမျိုးသားသွေးလှူဌာနမှာ စုပေါင်းသွေးလှူဒါန်းမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

နဒီကို (ဇူလှိုင်လ ၅ ရက်၊ ၂၀၁၄ ခုနှစ်)

 

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here