မျက်မမြင် အကြောပြင်အနှိပ်ခန်းအသစ် ရန်ကင်းတွင်ဖွင့်လှစ်

0
20

https://www.youtube.com/watch?v=mHxSaSBU0ns

မျက်မမြင်တွေရဲ့ ဘ၀ရပ်တည်နိုင်ဖို့ အကောင်းဆုံး ပညာရပ်ဖြစ်သည့် အကြောပြင်အနှိပ်ခန်း အသစ်တစ်ခုကို ရန်ကင်းမြို့နယ်တွင် မေလ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

Perfect မျက်မမြင် အကြောပြင်ပညာ ပြန့်ပွားတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ပညာရပ် ပိုမိုပြန့်ပွားဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဖောင်ဒေးရှင်းတည်ထောင်သူ မသန္တာနှင်းက ပြောပါတယ်။

“သူတို့အရင်က နည်းပညာဆိုရင် ကြိမ်ထိုးတာရယ်၊ အကြောပြင်ပညာရပ်တွေမှာ အရမ်းကိုကွာဟ သွားပါ တယ်။ သူတို့ အကြောပြင်ပညာနဲ့ အကြောပြင် ဆရာတွေ၊ ဆရာမတွေ ဖြစ်လာချင်းအားဖြင့် သူတို့ရဲ့ဘ၀ရပ် တည်ချက်က ခိုင်မာလာတယ်လို့ ပြောဆိုရမှာပါ။ ဒီအချိန်အထိတော့ သူတို့အတွက် ဒီအလုပ်က အသင့်တော် ဆုံးလို့ ထင်ပါတယ်” လို့ မသန္တာနှင်းက ပြောပါတယ်။

နိုင်ငံတကာမှာလည်း မျက်မမြင်တွေရဲ့ ဘ၀ရပ်တည်မှုအတွက် အကြောပြင် အနှိပ်ပညာရပ်ကို အဓိကသင်ယူ နေကြတာဖြစ်ပါတယ်။

အကြောပြင် အနှိပ်ပညာကို ဂျပန်နိုင်ငံမှာ သွားရောက်သင်ယူခဲ့ပြီး အခုဖွင့်လှစ်လိုက်တဲ့ အကြောပြင် အနှိပ်ခန်းမှာ ခေါင်းဆောင်တာဝန်ယူမယ့် ကိုအေးချမ်းသူက “ဂျပန်လိုနိုင်ငံမျိုးမှာတောင် ၉၀ ရာခိုင်နှုန်းသော မျက်မမြင်တွေက အကြောပြင် အနှိပ်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုရတယ်ပေါ့ဗျာ။ အဲ့ဒီတော့ ကျွန်တော် တို့ နိုင်ငံမှာလည်းအကြောပြင်အနှိုပ်ပညာနဲ့ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာပြောရမယ်ဆိုရင်လည်းမျက်မမြင် အကြောပြင် အနှိုပ်ပညာသည် အရမ်းနည်းပါသေး တယ်”လို့ပြောပါတယ်။

ဒီလို အကြောပြင်အနှိပ်ခန်းတွေကို perfect foundation ကနေ စမ်းချောင်းမြို့နယ်နဲ့ ကျောက်မြောင်းမြို့နယ် တို့မှာလည်း ဖွင့်လှစ်ထားပြီး အခုတတိယမြောက် အနေနဲ့ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်တာဖြစ်ပါတယ်။

လင်းနှင်းအေး (ဇူလှိုင်လ ၅ ရက်၊ ၂၀၁၄ ခုနှစ်)

 

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here