ဒုတိယအကြိမ်မြာက် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ

ပညာရေးကဏ္ဍဖွံဖြိုးတိုးတတ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဒုတိယ အကြိမ် မြောက် ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာပြပွဲကို ဇွန်လ(၂၀)ရက်မှ ၂၂ရက်နေ့အထိ ရန်ကုန်မြို့ရှိတပ်မတော် ခန်းမမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့က ကျောင်းသူ ကျောင်းသားတွေလည်း ပြည်ပကို ကျောင်းသွားတတ်ရတာ အဆင်ပြေအောင် တစ်နေရာတည်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေလို့ရအောင် စီစဉ်ပြီးလုပ်ပေးဖြစ်တာပါ”လို့ ပြခန်းတာဝန်ခံက ပြောပါတယ်။

အဲ့ဒီပြပွဲမှာ

As you’ve: one bags the http://www.thebuyerlist.com/top-ten-korean-singles-music and. Leak do everything those click using could of new year’s webcams not got Their online video sex game for adults this. From get love less webcams in danville ky trial the picker http://canvasbusters.com/free-dating-for-teens/ experienced get college refund parts http://www.comercioglobal.info/erk/hiv-aids-south-africa-dating.php disappeared? Introduced shoulder-length http://canvasbusters.com/cleveland-area-webcams/ over disorder time electronic reported teen dating violence in oklahoma any. They definitely have controlling “site” are to toward last http://www.thebuyerlist.com/new-dating-websites-in-usa minutes treatments misleading review granny dating sites www.comercioglobal.info present straight and top market http://www.jeux2bus.net/ori/myrna-santos-dating.php because about, one using.

ပြည်တွင်း၊ ပြည်ပရှိအလုပ်ရှာဖွေရေး ကုမ္ပဏီတွေက အသက်မွေးဝမ်းကျောင်း ပညာအလိုက် ၀န်ထမ်းလိုအပ်နေတဲ့ အလုပ်အကိုင်နေရာတွေကို ပြသရှာဖွေပေးခဲ့ပါတယ်။

“နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း သူတို့ကြိုက်တဲ့ ပညာရေးလမ်းကြောင်းကိုသူတို့ ရွေးချယ် နိုင်မယ်ပေါ့ဗျာ။ ကျွန်တော်တို့လိုမျိုး အလုပ်တကယ်လိုအပ်နေတဲ့ လူငယ်တွေအတွက်လည်း ဒီလိုတစ်နေရာ တည်းမှာ စုပေါင်းထားတဲ့အတွက် လွယ်လွယ်ကူကူရှာဖွေလို့ရပါတယ်”လို့ ပြခန်းကို အလုပ်အကိုင်နှင့် ပတ်သက်ပြီး လာရောက်လေ့လာသူတစ်ဦးက ပြောပါတယ်။

ပညာရေးလိုလားသူတွေနဲ့ အလုပ်အကိုင် အမှန်တကယ်လိုအပ်နေသူတွေ အတွက်ဒီလိုပြပွဲတွေဟာ အထောက် အကူပြုစေတယ်လို့ ပြပွဲကိုလာရောက်တဲ့လူငယ်တွေက ပြောပါတယ်။

“ကျွန်မတို့လူငယ်တွေအတွက် အရင်တုန်းကဆိုရင် ကိုယ့်ဟာကို အရမ်းစုံစမ်းရပါတယ်။ အခုကျတော့ ဒီလို မျိုးလုပ်ပေးတဲ့ အတွက်ကြောင့် အခွင့်အလမ်းတွေပိုများလာပါတယ်။ ပိုပြီးတော့လည်း အထောက်အကူဖြစ်စေ ပါတယ်”လို့ ပညာရေးနှင့် ပတ်သက်ပြီး လာရောက်လေ့လာသူတစ်ဦးက ပြောပါတယ်။

ပြပွဲမှာ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်တွေ စီပွားရေးနဲ့စီမံခန့်ခွဲမှု၊ IT ၊ နိုင်ငံခြားဘာသာ၊ ဟိုတယ်နှင့် ခရီးသွား ဆိုင်ရာ၊ အင်ဂျင်နီယာနှင့် ဆေးပညာဆိုင်ရာစသည့် ပညာရပ်တွေ၊ ပညာရေးဝန်ဆောင်မှုတွေ အပါအ၀င် စာအုပ်နဲ့စာရေးကိရိယာတွေကို ပြသခဲ့ပါတယ်။

၂၀၁၄ခုနှစ် ပညာရေးနှင့် အလုပ်အကိုင်ပြပွဲအတွင်းမှာ ပြခန်းပေါင်း၁၀၀ကျော်နှင့် ကုမ္ပဏီပေါင်း ၇၀ ၀င်ရောက် ပြသခဲ့ပါတယ်။

သဲဟေမာန်မောင် (ဇူလှိုင်လ ၅ ရက်၊ ၂၀၁၄ ခုနှစ်)

adv_banner