မကြာခင် ရုံတင်ပြသတော့မယ့် Into The Storm ရုပ်ရှင်ကားအကြောင်း

ဒီတစ်ပတ်တင်ဆက်မယ့် ရုပ်ရှင်လမ်းညွှန် အစီအစဉ်မှာတော့ into the storm ရုပ်ရှင်ကားကို တင်ဆက်ပေးချင်ပါတယ်။ အဲဒီရုပ်ရှင်ကားဟာ ၂၀၁၄ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ သာမန်နေ့ တစ်နေ့လို အချိန်မျိုးမှာဘဲ Silverton ဆိုတဲ့ လေဆင်နှာမောင်းတစ်ခု ၀င်ရောက်တိုက်ခိုက်ပါတယ်။ လေဆင်နှာမောင်း ကိုစုံစမ်းလေ့လာတဲ့ ပညာရှင်တွေက အင်အားပြင်းတဲ့ လေဆင်နှာမောင်း လာနိုင်တယ်လို့ ခန့်မှန်းနေတဲ့ကြားက ပြင်းထန်တဲ့လေဆင်နှာမောင်းနဲ့ ဘေးအန္တရာယ်ကို စီမံခန့်ခွဲမှုအားနည်းတာတွေကြောင့် မြို့တစ်ခုလုံး လေဆင်နှာမောင်းဒဏ်ခံခဲ့ရတဲ့ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ စတီဗင်ကွေးရယ်(Steven Quale)က ရိုက်ကူးထားပြီး သရုပ်ဆောင် ရစ်ချက် အာမစ်တိတ်ရှ်(Richard Armitage)၊ ဆာရ် ၀င်း ကော်လီစ်(Sarah Wayne Callies) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီရုပ်ရှင်ကို ၂၀၁၂ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် အတွက် Golden Trailer ဆုကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

adv_banner