မှိုရောဂါခံစားနေရတဲ့ ကလေးငယ်ကို နန်းခင်ဇေယျာ အကူအညီပေးမည်

0
14

https://www.youtube.com/watch?v=O6qi4z8pfUo

နာမည်ကျော် အနုပညာရှင် မော်ဒယ် နန်းခင်ဇေယျာသည် ပရဟိတလုပ်ငန်း တစ်ခုအနေနဲ့ မှိုရောဂါ တစ်မျိုးခံစားနေရသည့် မိန်းကလေးတစ်ဦးကို ကူညီသွားဖို့ရှိပါတယ်။

အဲ့ဒီလိုကူညီခွင့်ရရှိဖို့ကို ဆက်သွယ်ဆောင်ရွက်နေပေမယ့် အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

“ဒီကလေးမကလေးက ခြေတွေ လက်တွေမှာ အပင်တွေ ပေါက်နေတယ်လို့ကြားတယ်။ သူ့ကို နန်းခင် ကူညီကုသပေးချင်ပါတယ်။ သူ့ဆီကိုရောက်အောင်သွားမှာပါ”လို့ နန်းခင်ဇေယျာက ပြောပါတယ်။

နန်းခင်ဇေယျာဟာ ပရဟိတလုပ်ငန်းတွေအနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး အသင်းဝင်အသစ်တွေကို လုပ်ငန်းအတွေ့အကြုံများ ရှင်းလင်းပြောကြားခြင်းကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

“အရင်လကဆိုရင် ဦးကျော်သူတို့ နာရေးကူညီမှု အသင်းကိုသွားပြီးတော့ ဒီကလေးငယ်တွေအတွက် လက် ဆေးနည်းတွေကိုသင်ပြပေးခဲ့တယ်။ နာရေးကူညီမှု လုပ်ငန်းတွေကို လုပ်ဆောင်တဲ့နေရာမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲဆိုတဲ့ အကြောင်းတွေကို ပို့ချပေးခဲ့တယ်”လို့ နန်းခင်ဇေယျာက အခုလိုထပ်မံပြောကြားခဲ့ပါတယ်။

ဧည့်လမ်းညွန်အနေနဲ့ လုပ်ကိုင်နေဆဲဖြစ်တဲ့ နန်းခင်ဇေယျာဟာ သရုပ်ဆောင်လုပ်ငန်းတွေကိုလည်း ဆက်လက် လုပ်ကိုင်နေပြီး သူ၏သရုပ်ဆောင်မှုတွေကို ပရိသတ်တွေ အားပေးဝေဖန်ကြဖို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာလည်း အထိမ်းအမှတ် အခမ်းအနားပွဲတွေမှာ စီစဉ်တင်ဆက်သူ၊ ဆွေးနွေးသူအဖြစ်လည်း ဆောင်ရွက်နေပါတယ်။

သဲဟေမန်မောင် (ဇွန်လ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်)

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here