ကမ္ဘာ့ဖလားကို ဂုဏ်ပြုတဲ့အနေနဲ့ စက်ရုပ်ဘောလုံးကန်(Robocup) ပွဲကျင်းပ

0
190

https://www.youtube.com/watch?v=zOZC2p_XLeM

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့ရှိ Pennsylvania တက္ကသိုလ်ရှိ စက်ရုပ်တီထွင်မှု ပညာရပ်ဆိုင်ရာ လေ့လာနေတဲ့ ကျောင်းသားတွေက ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေဖြင့် စက်ရုပ်တွေ ဘောလုံးကန်တဲ့ Robocup ပွဲကိုကျင်းပကြပါတယ်။

Pennsylvania တက္ကသိုလ်မှ စက်ရုပ်တီထွင်မှု ပညာရပ်ဆိုင်ရာ ကျောင်းသား ခရစ်စတိုဖာကပ်ဆုကာ (Christopher Akatsuka)က “အဖွဲ့တိုင်းက သူတို့ကိုယ်တိုင်softwareတွေတီထွင်တယ်။ အခြေခံအားဖြင့် အကောင်းဆုံး software တီထွင်နိုင်တဲ့၊ စက်ရုပ်က သူတို့ကိုယ်တိုင် အပြတ်သားဆုံး ဆုံးဖြတ်နိုင်အောင် တီထွင်ထားမှုတွေကို ပြိုင်ဆိုင်တဲ့ပွဲပါ။ အရမ်းကိုစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်”လို့ဆိုပါတယ်။

စက်ရုပ်က ဘောလုံးကိုဘယ်မှာလဲဆိုတာ ရှာကြည့်ပြီးတော့ သူတို့ကိုယ်တိုင် ဘယ်လိုပြေးပြီး ဘယ်လောက် အားနဲ့ကန်ရမလဲဆိုတာကို ဆုံးဖြတ်ရတဲ့ဘောလုံးပြိုင်ပွဲဖြစ်ပါတယ်။

တစ်ဖက်မှာစက်ရုပ်(၃)ရုပ်ရှိနေပြီး သူတို့အချင်းချင်းဆက်သွယ်ကာ ဘယ်သူကတိုက်စစ်၊ ခံစစ်စတဲ့ ဘောလုံးစနစ်တွေကို အချင်းချင်းဆက်သွယ် ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။

?bph6