?bph6

Place your ads here!

အင်္ဂလန်နဲ့ ဘရာဇီး အသင်းတွေရဲ့ နှစ်ဖက်ပရိသတ်တွေ ဘောလုံးပြိုင်

ဘရာဇီးနိုင်ငံ၊ မာန်နက်စ်(Manaus) မြို့မှာ ဘောလုံးကစားနည်းဆိုင်ရာ အတွေးအခေါ်ပညာရှင်လို့ သူတို့ ကိုယ်တိုင် နာမည်ပေးထားတဲ့ အင်္ဂလန်အသင်းကို အားပေးတဲ့အဖွဲ့နဲ့ ဘရာဇီးအသင်းကို အားပေးတဲ့အဖွဲ့တို့ရဲ့ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပကြပါတယ်။

အဲဒီပွဲမှာ ဘရာဇီးနိုင်ငံရှိ ဗြိတိန် သံအမတ်လည်း ပါဝင်ကစားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် အက်လက်စ် အီလစ်စ်(Alex Ellis)က “ဘရာဇီးနိုင်ငံသား တွေနဲ့တွေ့ရတာပျော်စရာကောင်းပါတယ်။ ဒီဘောလုံးကစားပွဲဟာ နှစ်နိုင်ငံကြားဆက်ဆံရေးကို နွေးထွေးစေတယ်၊ ဒီဘောလုံးကန်တဲ့လူတွေကလည်း ဗြိတိန်နိုင်ငံရဲ့ သံအမတ်တွေလို့ ယူဆနိုင်တယ်၊ သူတို့ဟာ ဒေသခံဘရာဇီးနိုင်ငံသားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကြည့်ရှု့အားပေးကြတာက အရမ်းကို ကောင်းပါတယ်လို့”ပြောပါတယ်။

ဘရာဇီးနိုင်ငံသားတွေက ဘောလုံးကစားရာမှာ အရမ်းကျွမ်းကျင်ပြီး လျင်မြန်တယ်လို့ ဘရာဇီးအားပေးသူ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့သူ ဗြိတိန်နိုင်ငံသား ပေါလ်ကန်ရန်(Paul Karens)က ပြောပါတယ်။

ဘောလုံးအားကစားကို စိတ်အားထက်သန်တဲ့ နိုင်ငံအချင်းချင်း ပိုမိုရင်းနှီးချစ်ကြည်ဖို့ ရည်ရွယ်ကာ ဘောလုံးကစားခဲ့တာဖြစ်ပါတယ်။

adv_banner