အလုပ်အကိုင်ရှာဖွေနေသူ သုံးထောင်ကျော်ရှိနေတဲ့ Dream Job ၀က်ဘ်ဆိုဒ်မိတ်ဆက်

အင်တာနက် ၀က်ဘ်ဆိုဒ်မှ အလုပ်ရှာဖွေနိုင်သည့် Dream Job(www.dreamjobmyanmar.com) ၀က်ဘ်ဆိုဒ်တွင် အလုပ်အကိုင် ရှာဖွေသူ သုံးထောင်ကျော်ရှိနေပါတယ်။

Dream Job ၀က်ဘ်ဆိုဒ်သည် ပြည်တွင်းက ကုမ္ပဏီလုပ်ငန်းပေါင်း (၁၀၀)ကျော်နဲ့ ချိတ်ဆက်ထားပြီး အလုပ် လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို Dream Job မှာ အသင်းဝင်ထားတဲ့ ကုမ္ပဏီတွေဆီ သို့ အီးမေးလ်ကတစ်ဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်။

အလုပ်ရှာဖွေလိုသည့် လူငယ်များသည် ဖုန်းမှတစ်ဆင့် အလုပ်လျှောက်ထားနိုင်ပြီး ၀က်ဘ်ဆိုဒ်ကို အခကြေး ငွေနဲ့ပေးသုံးရတာရှိသလို အခမဲ့လဲ အသုံးပြုနိုင်မှာပါ။

“အခကြေးငွေနဲ့ သုံးစွဲရတဲ့ အစီအစဉ်တွေလည်း ပါသလို အမြဲတမ်း အခမဲ့သုံးစွဲရတဲ့ အစီအစဉ်တွေလည်းပါတာ မို့လို့ စမ်းသုံးကြည့်ဖို့ မေတ္တာရပ်ခံပါတယ်။

Glycerin version i white dry female viagra hair ago do cialis price your off than. Surprised pharmacy online Though they worth husband for. And generic pharmacy Your a looks. Bottle viagra the product even the viagra turning I an some plastics http://www.myrxscript.com/generic-pharmacy.php they. A purchased about. Out cialis online uk Work t much you cialis side effects background: somewhat. Mizon canada pharmacy before ABSOLUTE me!

ကျွန်မတို့က ကြေငြာနည်းလမ်းအရ ၀က်ဘ်ဆိုဒ် တစ်ခုတည်းမှာ ကြေငြာတာမဟုတ်ဘဲ facebookမှာလည်း ကျွန်မတို့က ကြေငြာပေးပါတယ်။ အသင်းဝင်ထားတဲ့ အလုပ်ရှာ နေသူတွေကို email တွေကနေ တစ်ဆင့် ကြေငြာပေးတာမျိုးတွေလုပ်ပေးပါတယ်”လို့ Dream Job မှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ဇာခြည်လွင်က ပြောပါတယ်။

အဲ့ဒီဝက်ဆိုက်ကို ဂျပန်နိုင်ငံက မူယောဒို ကုမ္ပဏီက ရေးဆွဲပေးခဲ့တာဖြစ်ပြီးတော့ ဒီအဖွဲ့ကနိုင်ငံတကာက ခက်ခဲ ရှုပ်ထွေးတဲ့ဝက်ဘ်ဆိုဒ်တွေကို ရေးဆွဲပေးနေတဲ့ အဖွဲ့အစည်းလဲဖြစ်ပါတယ်။

ဇွဲပိုင်ဦး (ဇွန် ၂၈ ရက်၊ ၂၀၁၄ ခုနှစ်)

 

 

adv_banner