ဗင်းဆင့် ဗန်ဂိုး ရဲ့ နည်းပညာသုံး ပုံတူ နားရွက်အတုကို ဂျာမနီမှာပြသ

ကမ္ဘာကျော် ပန်ချီဆရာ ဗင်းဆင့် ဗန်ဂိုး ရဲ့ နည်းပညာသုံး ပုံတူ နားရွက်အတုကို ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ ယဉ်ကျေးမှု ပြတိုက်တစ်ခုမှာ ပြသထားပါတယ်။

အဲ့ဒီနားရွက်တုကို ဒီမက်စတရီဘီက biological နည်းပညာအသုံးပြုထုတ်လုပ်ထားတာဖြစ်ပြီး အခြားသိပ္ပံပညာရှင်တွေလည်း ဒီလုပ်ဆောင်ချက်မှာ ပူးပေါင်းပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ZKM အနုပညာနဲ့ မီဒီယာလုပ်ငန်းမှ ဒိုမီနီကာက ဒီနားရွက်တုအတွက် ကွန်ပျူတာ အထူးပြုလုပ်ချက်နဲ့ လုပ်ထားတဲ့ tissue တွေနဲ့လုပ်ခဲ့တာပါ။ ဆရာကြီးဗန်ဂိုးရဲ့နားရွက်ပုံတူပေါ့ဗျာ လို့ဆိုပါတယ်။

နားရွက်တုလုပ်ဖို့အတွက် လိုအပ်တဲ့ အရိုးနုကို ဗန်ဂိုးရဲ့ မြေးတစ်ဦးဖြစ်တဲ့ လူဝီဗင်ဂိုးက လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဗင်းဆင့်ဗန်ဂိုးရဲ့ အဲ့ဒီနားရွက်တုကို လာမယ့် 2015 မှာ အမေရိကန်နိုင်ငံ နယူးယော့ခ် မြို့မှာပြသမှာသွားမှာပါ။ ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးဟာ 20 ရာစုရဲ့ အကောင်းဆုံးအနုပညာရှင် တစ်ဦးဖြစ်ခဲ့ကာ သူ့ကို 1853 မှာမွေးဖွားခဲ့ပြီး 1890 မှာ သေဆုံးခဲ့ပါတယ

adv_banner