?bph6

Place your ads here!

Smartwear က အပြေး လေ့ကျင့်ရေးစက်သစ်ကိုတီထွင်

ထိုင်ဝမ် smartwear ကုမ္ပဏီဖြစ်တဲ့ AiQ ဟာ ကျန်မားရေးအထောက်အကူပြု အပြေး လေ့ကျင့်ရေးစက်ကို အောင် မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။

ထိုင်ဝမ် smartwear ကုမ္ပဏီတစ်ခုဖြစ်တဲ့ AiQ ဟာ မကြာသေးခင်က ကျန်မာရေးအထောက်အကူပြု ပစ္စည်းတစ်ခုကို တီထွင်ထုတ်လုပ် လိုက်ပါတယ်။ အဲ့ဒီကျန်းမာရေး အထောက်အကူပြုပစ္စည်းဟာ wearable technology ကိုအသုံးပြုထားပြီး အထူးသဖြင့် ခရီးသည်တင်ကား မောင်းတဲ့ ယာဉ်မောင်းတွေအတွက် ရည်ရွယ်ပြီးအကြိမ်ကြိမ်စမ်းသပ်ကာ ထုတ်လုပ်ထားတာလည်းဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ အဆင့်မြင့်နည်းပညာတစ်ခုဖြစ်တဲ့ wearable technology ဟာ တဖြည်းဖြည်း တိုးတက်လာနေပြီး အာရှတိုက်အတွင်းမှာ အတော်ရေပန်စားလာနေတာပါ။ AiQ ကုမ္ပဏီ ဒုတိယဥက္ကဌ စတီဗင်ဟောင် က ကျနော်တို့အခုထုတ်လုပ်လိုက်တဲ့ product အကြောင်းပြောရမယ်ဆိုရင် တော့အ ထူးသဖြင့် ခရီးသည်တင်မောင်းတဲ့ ယာဉ်မောင်းတွေကိုရည်ရွယ်တာပါ။ သူတို့ကားမောင်းရင်အိပ်ငိုက်လာပီဆိုတာနဲ့ ဒီကိရိယာ လေးက alarm ပေးပါလိမ့်မယ် ဒါဆိုရင်အန္တရယ်ကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ် လို့ဆိုပါတယ်။

အခြားထိပ်တန်းနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ ဆမ်ဆောင်းက ဒီဂျစ်တယ်နည်းပညာသုံး နှလုံးနဲ့သွေးအားတိုင်း ကိရိယာ တစ်ခုကိုတီထွင်ခဲ့သလို အက်ပဲလ်ကလည်း နှလုံးခုန်နှုန်းတိုင်းတာတဲ့ application ကို ထုတ်လုပ်နို်င်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ နောက်ဆုံးပြုစုထားတဲ့စာရင်းများအရ နောက်ဆုံးသုံးနှစ်အတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ 19 သန်းရရှိခဲ့ပီး နောက်ထပ် 2018 ခုနှစ်မှာတော့ အမြတ်ငွေ 111.9 သန်းရရှိသွားဖို့ကြိုးစားသွားမယ်လို့ သိရပါတယ်။

adv_banner