History Channel ရဲ့ ၀က်ဘ်ဆိုက်အကြောင်း

 

သမိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကမ္ဘာကျော်ရုပ်သံအစီအစဉ်တွေကို ထုတ်လုပ်ပြသနေတဲ History Channel ရဲ့ ၀က်ဘ်ဆိုက်လိပ်စာကတော့ www.history.com ဖြစ်ပြီး အမေရိကန်အခြေစိုက်ဖြစ်ကာ Hearts Coporation နဲ့ Disney television group တို့ ပူးပေါင်းကာ A+E Networks အမည်ပေးထားပြီး ဖက်စပ် ထူထောင်ထားတဲ့ ရုပ်သံလိုင်းတစ်ခုလည်းဖြစ်ပါတယ်။

The history channel ကို 1995 ခုနှစ်မှာ ပရိတ်သတ်ထံ စတင်မိတ်ဆက်ခဲ့ တာလည်းဖြစ်ပါတယ်။ စတင်ပြသစဉ်က documentary programs နဲ့ သမိုင်းအချက်အလက်အခြေခံ ဇာတ်လမ်းတို တွေကိုသာ ထုတ်လွှင့်ခဲ့ပြီး 2008 ခုနှစ်မှစတင်ကာ ဇာတ်လမ်းပေါင်းစုံကို ရိုက်ကူးထုတ်လွှင့်ပြသလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်ဇာတ်လမ်းတွေကို အမေရိကန်နိုင်ငံပြင်ပ နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ဥရောပ၊သြစတြေးလျ၊ အရှေ့အလယ် ပိုင်း၊အာဖရိက၊ လက်တင်အမေရိက တို့နဲ့လည်း ကွန်ယက်ချိတ်ဆက် ပြသမှုတွေလုပ်ဆောင်ထားပါတယ်။

The history channel ကို အမေရိကန်နိုင်ငံအတွင်းမှာ ကြည့်ရှုသူ ဦးရေဟာ 2013 ခုနှစ် သြဂုတ်လစာရင်းအရ 98 သန်းကျော်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြား channel တွေဖြစ်တဲ့ The Biography Channel ၊ Military History ၊ History of Espanol၊ Life time စတဲ့ စိတ်ဝင်စားဖွယ်ရာ channel တွေကိုလည်း A+E Networks ကနေထုတ်လွှင့်ပေးလျက်ရှိနေပါတယ်။

adv_banner